တပင်ရွှေထီးလက်ထက် ယိုးဒယားမြန်မာစစ်ပွဲ
မြန်မာနှင့်ယိုးဒယားတို့၏တိုက်ပွဲ |
တပင်ရွှေထီးက ...
"ယိုဒယားဘုရင် ဗြသာဓိရာဇာသည် ငါ၏နိုင်ငံတော်အစွန်အဖျားကို စတင်၍ထိပါးလာပြီ။ ငါ၏ဘုန်းတော်ကြောင့်သာလျှင် ယိုးဒယားများကို နိုင်နင်းသည်။ ယခုအတိုင်း ငြိမ်ခံနေပါလျှင် နောင်တစ်ဖန် ထပ်မံ၍ ယိုဒယားများထိပါးလာမည့်အရေးကို မြင်တော်မူမိသည်။ သို့ဖြစ်၍ ယိုးဒယားပြည်ကို ရွှေလက်တော်ရောက် သိမ်းပိုက်မှသင့်မည်မဟုတ်လော" ဟု မိန့်တော်မူရာ မှူးမတ်တို့က
"သိမ်းပိုက်ရန် သင့်မြတ်လှပါသည်။ ယိုးဒယားပြည်သည် အရှင်စိုးပိုင်တော်မူသော နိုင်ငံတော်နှင့် ရေမြေတစ်စပ်တည်းရှိ၍နေသောကြောင့် ချီတော်မူရန်လည်း ခဲံယဉ်းမည်မဟုတ်ပါ။ တောအထပ်ထပ် တောင်အထပ်ထပ် ပိတ်ဆီးနေပါသော်လည်း အင်ကြီးအားကြီးနှင့် ချီတော်မူပါလျှင် အရေးထားလောက်မည်မဟုတ်ပါ" ဟု လျှောက်တင်ကြသည်။