Tuesday, November 6, 2012

မျိုးဆက်သစ် နိုင်ငံ့ခေါင်းဆောင်များဆိုသော်လည်း

မျိုးဆက်သစ် နိုင်ငံ့ခေါင်းဆောင်များဆိုသော်လည်း


               ၂ဝ၁၂ ခုနှစ်၊ နိုဝင်ဘာလ သည် အလွန်အရေးပါသောလ တစ်လဟု ဆိုရပါလိမ့်မည်။ ကမ္ဘာပေါ်တွင် တစ်ခုတည်း သော မဟာ အင်အားကြီးနိုင်ငံဖြစ် သည့် အမေရိကန်နိုင်ငံ၏ သမ္မတ ရွေးကောက်ပွဲသည် နိုဝင်ဘာလ ၆ ရက်၌ စတင်မည် ဖြစ်သည်။
         လက်ရှိ သမ္မတ ဒီမိုကရက်တစ်ပါတီမှ သမ္မတအိုဘားမားကို ဒုတိယသက်တမ်းတာဝန် ထမ်းဆောင် ရန် ပြည်သူတို့က မဲပေးမည် လား။ ရီပတ်ပလီကင်ပါတီမှ သမ္မ တလောင်း မစ်ရွန်နီက အရွေးခံရ မည်လားဆိုသည်မှာ အသေအချာ မပြောနိုင်သေး၍ ပါတီနှစ်ခု စလုံး နှင့်ပြည်သူများ စိတ်တထင့်ထင့် ဖြစ်နေချိန်ဖြစ်သည်။အမေရိကန်နိုင်ငံနှင့်ကပ်လျက်နောက်မှ လိုက်နေသောဒုတိယ အင်အား ကြီးဟု သတ်မှတ်ရမည့်တရုတ်နိုင်ငံ၏ ၁ဝ နှစ်တစ်ကြိမ် ကျင်းပသည့် ကွန်မြူနစ်ပါတီညီလာခံ   သည်လည်း နိုဝင်ဘာလ ၈ ရက်နေ့ တွင် စတင်တော့မည်ဖြစ်သည်။

           တရုတ်နိုင်ငံ၏ ပါတီညီလာခံ တိုင်း၌ ပါတီဥက္ကဋ္ဌနှင့် သမ္မတ၊ ဝန် ကြီးချုပ်များ၊ ဗဟိုကော်မတီဝင်များ ကို ထပ်မံ၍ အသစ်ခန့် အပ်လေ့ ရှိသည်။ တရုတ်နိုင်ငံ၌လည်း နိုင်ငံ ခေါင်းဆောင်အသစ်၊ နောင်အနာ ဂတ်၌ ခေါင်းဆောင်မည့် လူငယ် မျိုးဆက်သစ်များကို တန်းစီ၍ တွေ့ ရတော့မည် ဖြစ်သည်။ ရှေ့လာမည့် ၁ဝ နှစ်ကာလ တရုတ်နိုင်ငံ၏ အရေးအကြီးဆုံး ဆုံးဖြတ်ချက်များကို ချမှတ် မည့်သူ များကို ခန့်အပ်မည့် ပါတီညီလာခံ ဖြစ်၍ အလွန်အရေးကြီးပါ၏။ တရုတ်နိုင်ငံ၏ အနာဂတ်ကာလ မူဝါဒများကို ချမှတ်မည့် အမြဲတမ်း ကော်မတီဝင် ၉ ဦး နုတ်ထွက်သွား ပြီး ယခုအဖွဲ့ဝင် အသစ် ၇ ဦးခန့် အပ်မည် ဖြစ်သည်။
အောက်ဖော်ပြပါ ပုဂ္ဂိုလ် ၁၂ ဦးထဲမှ ၇ ဦးသည် အမြဲတမ်း ကော်မတီဝင် ဖြစ်လာမည့်သူများ ဖြစ်ပါ၏။

ထိုပုဂ္ဂိုလ် ၁၂ ဦး၏ ကိုယ်ရေးအကျဉ်း မှာ-


၁။ XiJunping-ရှီကျင်ဖိန်း

             သူသည် ယခုပါတီညီလာခံ၌ ကွန်မြူနစ်ပါတီ၏ အကြီးအကဲနှင့် တရုတ်နိုင်ငံ၏သမ္မတ ဖြစ်လာမည့်သူဟု အများက ယူဆ ထားကြ သည်။ သူသည် တရုတ်နိုင်ငံ စတင်တည် ထောင်ခဲ့သည့် ပုဂ္ဂိုလ်ကြီးတစ်ဦး၏သား ဖြစ်ပါ၏။ တရုတ်နိုင်ငံပုံစံ မင်းမျိုးမင်းနွယ်ဝင်၏ သားတစ်ပါး ဖြစ်သည်။ သတင်းသမားများက တရုတ်နိုင်ငံပုံစံ မင်းမျိုးမင်းနွယ်ဝင်ဟူသော စကားလုံးသုံးကြ သည်မှာ တရုတ်နိုင်ငံ၌ လက်ရှိထိပ်တန်း ရာထူးကြီးကြီးယူထားကြသူများ၏ သား၊ သမီးများကို ဆိုလိုပြီး ထိုသူများသည်လည်း ရာထူးကြီးကြီးများ ရရှိ တတ်ကြ၍ ဖြစ်ပါ၏။ တရုတ်နိုင်ငံ၏ နိုင်ငံရေးကို ငယ်စဉ်က ပင် ထဲထဲဝင်ဝင် လေ့လာခဲ့သူ။ ဖခင်ဖြစ်သူက ယဉ်ကျေးမှုတော် လှန်ရေး၌ အရေးယူခံ ရစဉ်က သူသည်လည်း လှိုင်းအရိုက်ခံရကာ ကျေးလက်တစ်နေရာသို့ အပို့ခံခဲ့ရဖူးသည်။

   ရှီသည် ရှေးရိုးဆန်သည်။ သူ့ကို ၁၉၅၃ ခု၌ ပေကျင်းမြို့၌ မွေးဖွားသည်။ Tsinghua တက္ကသိုလ်မှ ဓာတုအင် ဂျင်နီယာဘွဲ့ ရသည်။ ကျောင်း သားဘဝတုန်းက ပါတီဝင်ဖြစ်ခဲ့ သည်။ ဟဲ့ယ၊ ဖူးကျင့်၊ ကျဲကျန့် ဒေသများ၌ တာဝန်ယူခဲ့ရသည်။ ၂ဝဝ၇ ခုနှစ်၌ ရှန်ဟဲပါတီဥက္ကဋ္ဌ ဖြစ်လာခဲ့သည်။ သူ့၌ရှိသောလေးစားဖွယ် ကောင်းသည့် လက္ခဏာမှာ မှန်သောစကားကို တဲ့တိုးပြောတတ် ခြင်း ဟု နီးစပ်သူများက ပြောကြ သည်။ သူ့မိသားစု၊ ဇနီး၊ သားသမီး၊ ဆွေမျိုး၊ မိတ်သင်္ဂဟ၊ ဝန်ထမ်းများ ကြား၌ပင် သူ့ကိုယ်ရေး ကိုယ် တာ နှင့်ပတ်သက်၍ ခိုင်းစေခြင်း၊ အခွင့် အရေးယူခြင်းပင် မပြုလုပ်တတ် သူလည်း ဖြစ်သည်။

    တရုတ်နိုင်ငံတွင်း၌ သူ့ဇနီး လောက်ပင် ထင်ပေါ်ကျော်ကြား ခြင်းမရှိသူဖြစ်သည်။ သူ့ဇနီးသည် ခေတ်ပေါ်သီချင်း အဆိုတော် ဖုန် လီယွမ် ဖြစ်၏။ ရှီတို့ ဇနီးမောင်နှံ ၏သမီးငယ်မှာ အမေရိကန် ဟား ဗတ်တက္ကသိုလ်၌ ပညာသင်ယူ နေ၏။

   သူ့ကိုယ်ရေးဘဝနှင့်ပတ်သက် ၍ အနည်းအကျဉ်းသာ သိကြ သည်။ ရှီသည် ဘတ်စကတ်ဘော အားကစားကို ဝါသနာပါ သည်ဆို သောအချက်ထက် ပိုမသိကြပေ။ အမေရိကန်သံတမန် သတင်းရပ် ကွက်အဆိုအရ ရှီငယ်ရွယ်စဉ် အိုင်အိုဝါ၌ နေထိုင် ခဲ့သည်။ ဟိုလီးဝုဒ် ရုပ်ရှင်ထုတ် ဇာတ်ကားများကို နှစ်သက် ခဲ့သည်ဟု သိရ၏။

၂။ Li Keqiang -လီခဲချာန်

           လီခဲချာန်၏ ဘဝကို ပြန် ပြောင်းကြည့်လျှင် သာမန် အရပ် သားဘဝဖြင့် ကျေးလက်စု ပေါင်း လယ်ယာမြေ၌ လုပ်ခဲ့ရာမှဒေသပါတီ ဥက္ကဋ္ဌ၊ ယခု နိုင်ငံခေါင်း ဆောင် တန်းစီဇယား၌ ပါဝင်လာ သူဟု ဆိုရပေမည်။ တရုတ်နိုင်ငံ၏ မပြည့်စုံ သော ဘဝကို ပြုစုပျိုးထောင် ရင်း စည်းနှင့် နေလာသူဆိုသော ဂုဏ် သိက္ခာနှင့် သင့်တင့်သော အဆင့် တစ်ခုသို့ ရောက်လာခဲ့ခြင်း ကြောင့်လည်း ဖြစ်နိုင်ပါ၏။

လီသည် သမ္မတဟိုကျင် တောင်နှင့် ကွန်မြူနစ်လူငယ်အဖွဲ့ ချုပ်တွင် အတူတွဲလုပ်ခဲ့ဖူး၍ နီး ကပ်စွာ ဆက်ဆံခဲ့ရသည်။ ယခု သူ သည် ဝန်ကြီးချုပ် ဝမ်ကျားပေါင် ထံမှ တာဝန်ကို လွှဲပြောင်းယူမည့် သူဟု လက်ခံထားကြသည်။

  လီ၏ ပေါ့ပေါ့ပါးပါး နေတတ် မှု၊ လူအားလုံး သဘောတူကျေနပ် သည့်အထိ စိတ်အားထက်သန်စွာ နှင့် ရှင်းလင်းပေးနိုင် မှုတို့ကြောင့် နှစ်သက်သဘောကျကြသည်။ တရုတ်နိုင်ငံ၏ စီးပွားရေးနှင့် ပတ် သက်၍ လီသည် အလွန်စိတ်ဝင် စားသည်။ လူများ နားလည်စေရန် ကျွမ်းကျင်စွာ ရှင်းလင်းပြသပေး နိုင်၏။
   လီကို ၁၉၅၅ ခုနှစ်တွင် အန်း ဟွေးဒေသ၌ မွေးဖွားသည်။ ဖခင် ဖြစ်သူက ဒေသပါတီလုပ်ငန်း တာ ဝန်ပေးသည့်အခါ လီ က ငြင်း ပယ် ခဲ့ပြီး သိက္ခာရှိလှသော ပေကျင်း တက္ကသိုလ်၌ ဥပဒေပညာရပ်ကို သင်ယူခဲ့သည်။

   ၁၉၉၈ ခုနှစ်၌ ဟဲနန်းဒေသ ပါတီ ဒု-အတွင်းရေးမှူးအဖြစ် အရွေးခံရသည်။ နောက်တစ်နှစ်၌ တရုတ်နိုင်ငံတွင် အသက်အငယ် ဆုံးဒေသဆိုင်ရာအုပ်ချုပ်ရေးမှူး ဖြစ်လာခဲ့၏။ သူတာဝန်ယူရသော ဒေသသည် လူဦးရေ ထူထပ်သည်။ အရာရာ၌ နောက် ကျနေသော ဝန်းကျင်တစ်ခွင် ဖြစ်နေသည်။ ဖြစ်ရပ် ပေါင်းစုံထဲ၌ HIV ဗိုင်းရပ်စ်ပိုးက လည်း နေ့စဉ်နှင့်အမျှ ပျံ့နှံ့နေ၏။ သူ့တာဝန်မှာ ထိုအရာအားလုံး ပြီး ပြတ်သွားစေရေး ဖြစ်သည်။ ဟဲနန်းဒေသ စီးပွားရေး နလန်ထလာစေရန် သူလုပ်ပြနိုင်ခဲ့ သည်။စက်မှု ဇုန်ဖြစ်သောကြောင့် ¤င်းကို ပင်ပန်းတကြီးနှင့် ပြုပြင်ပြီး နိုင်ငံပိုင် စက်မှုလုပ်ငန်း ဖြစ်စေခဲ့ ၏။

၃။ Wang Qishan -ဝမ်ချိစန်း

           ဝါမ်ကို အနောက်နိုင်ငံ ခေါင်း ဆောင်အများက ကောင်းကောင်း သိကြသည်။ ကမ္ဘာ့စီးပွားရေးတွင် တရုတ်နိုင်ငံ၏ စီးပွားရေးနှင့် အမေရိကန်နိုင်ငံတို့ ဆက်စပ်နေမှု ကို နိုင်ငံတကာ အဆင့်မီ ဆွေးနွေး ပြနိုင်သူ ဖြစ်သည်။ ယခင် အမေရိကန် ဘဏ္ဍာ ရေးဝန် ကြီး- Henry Pan-lson က ဝါမ်နှင့်ပတ်သက်၍ မှတ်ချက်ချရာ ၌ စူးစူးစိုက်စိုက် တွေးမြင်တတ်ပြီး ဆုံးဖြတ်ချက်ချနိုင်သူဟု ဆိုသည်။ အချို့က လှည့်ပတ်သော ပြက်လုံး ထုတ်တတ်သူဟု ဆိုသည်။ သူ၏နိုင်ငံရေးဆရာမှာ ယခင် ဝန်ကြီးချုပ် ဇူရောင်လှီ ဖြစ်၏။ ဆရာ၊ တပည့်နှစ်ယောက်လုံးသည် အသင့်အနေအထားရှိတတ်ပြီး စိန်ခေါ်မှုကို ရင်ဆိုင်တတ်ကြသည်။

   သူတို့နှစ်ဦးကို ပေးထားသည့် နာမည်ပြောင်မှာ မီးသတ်ဗိုလ်ဟူ ၍ ဖြစ်သည်။ ပြဿနာမှန်သမျှကို ချက်ချင်း ဖြေရှင်းနိုင်ကြသည်။
အထက်ပါ စရိုက်လက္ခဏာများအရ သူ့ကိုထောက်ခံသူများက ယခုဝန်ကြီးချုပ်ဖြစ်မည့်သူ လီခဲချန်ထက် ဝမ်က ဝန်ကြီး ချုပ်ဖြစ်နိုင်သည်ဟု ဆိုကြ၏။ ဝမ်သည်လည်း တရုတ်နိုင်ငံ ၏ မင်းမျိုးမင်းနွယ် မင်းသားတစ် ပါးကဲ့သို့ ကြီးပြင်းလာရသူ၊ နိုင်ငံ့ ထိပ်တန်းအဆင့် ပုဂ္ဂိုလ်ကြီးတစ်ဦး၏ သားဖြစ်ပြီး ယခင်ဒုတိယဝန်ကြီးချုပ်ယောင်ယီလင်၏သမီး၊ ယောင်မင်းခန့်နှင့် အိမ်ထောင်ကျသည်။ ဝမ်ကို စန်တုန်းပြည်နယ် ချိန် တော်၌ မွေးဖွားသည်။ အနောက် မြောက်ဘက် တက္ကသိုလ်၌ သမိုင်း ဘာသာရပ်နှင့် ဘွဲ့ရပြီး သုတေ သနပညာရှင် အလုပ်လုပ်ခဲ့၏။

    ကွန်မြူနစ်ပါတီကို အသက် ၃၅ နှစ်ရောက်မှ ဝင်ရောက်သည်။ ဘဏ်လုပ်ငန်း၌ လုပ်ကိုင်ပြီး ၂ဝဝ၄ ခုနှစ်၌ ပေကျင်းမြို့တော် ဝန် ဖြစ်လာသည်။ SARS ရောဂါ အရှိန်တက် နေချိန်၌ သူ တာဝန်ယူခဲ့ရသည်။ ရောဂါသည်များကို သီးသန့်ထားမည့် အစီအစဉ် ကို  အဓိပ္ပာယ်မဲ့သော အပြုအမူဟု ထင်မြင်ယူဆပြီး သူလက်သင့်မခံ။ WHO နှင့် ပူးပေါင်းဆောင်ရွက်ပြီး ရောဂါကူးစက်မှု ကျ ဆင်းရေးသာ ဦးတည် ဆောင်ရွက်ခဲ့သူဖြစ်သည်။

၎။ Li Yuanchao-လီယွမ်ချောင်

               လီသည် ကွန်မြူနစ်ပါတီ စည်းရုံးရေးဌာနကြီး၏ အကြီး အကဲ တာဝန်ယူထားရသည်။ ယင်းဌာနကြီးသည် ပါတီဝင်များ၏ အရည်အသွေးနှင့် စွမ်းဆောင်နိုင်မှု များကို မှတ်တမ်းပြုစုကာ မည်သူ သည် မည်သည့်တာဝန်နှင့် သင့် တော်သည်ဆိုခြင်းကို ဆုံးဖြတ်ပေးရသည်။ ယင်းသို့သော ခက်ခဲလှသည့် တာဝန်ကို ယခင်က ထမ်းဆောင်ခဲ့ သူများမှာ မော်စီတုန်းနှင့် တိန် ရှောက်ပင် တို့ဖြစ်ပြီး ထိုပုဂ္ဂိုလ်ကြီး များသည် နိုင်ငံ၏ ထိပ်ဆုံးနေရာ ကို ရခဲ့ကြသည်။ လီသည် ပါတီတွင်း၌ ဌာန ကြီးနှစ်ခုကို ခွထိုင်နေသည့် ပုံစံ ပင်။ သူသည်လည်း တရုတ်နိုင်ငံ၏ မင်းမျိုးမင်းနွယ်ဝင် မင်းသားတစ် ပါး ဖြစ်သည်။ သူ့ဖခင်မှာ ရှန်ဟဲ မြို့တော်ဝန် ဖြစ်၏။

သူ့ကို လူအများအပြားက ဟို ကျင်တောင် နေရာဆက်ခံမည့်သူ ဟု ယူဆထားခဲ့ကြသည်။ ကွန်မြူ နစ်လူငယ်အဖွဲ့ချုပ်၌ ရှိစဉ်က တည်းက ဟိုကျင်တောင်က အနီးကပ်ကြည့်ရှုခံခဲ့ရသူဖြစ်သည်။ လီသည် ဖူတန်တက္ကသိုလ်မှ သင်္ချာဘာသာရပ်နှင့် ဘွဲ့ရ သည်။ ပေကျင်းတက္ကသိုလ်မှ ဘောဂဗေဒ ပညာရပ်နှင့် မဟာဝိဇ္ဇာဘွဲ့ ရ သည်။ ဗဟိုကော်မတီကျောင်းမှ ဥပဒေပညာရပ်နှင့် Ph.D ရခဲ့သူ ဖြစ်သည်။ လီသည် ဟားဗတ်တက္ကသိုလ် ကနေဒီကျောင်းမှ ခေါင်းဆောင် သင်တန်း သွားရောက်တတ်ခဲ့ဖူး သည်။
    ကွန်မြူနစ်ပါတီ စည်းရုံးရေး ဌာနကြီးမှူး တာဝန် မထမ်းဆောင် မီ သူ့မွေးရပ်မြေဖြစ်သော ကျန့် ဆူဒေသပါတီ ဥက္ကဋ္ဌ ဖြစ်ခဲ့သည်။

ထိုကာလ၌ ထိုက်ရေကန်ကြီး အတွင်း မှော်ပင်များ အဆမတန် များပြားလာမှုကြောင့် ထိုကန်ကို အမှီပြု သုံးစွဲနေသော သန်းပေါင်း များစွာသော လူများ ဒုက္ခရောက်ခဲ့ သည်။ ယင်းကိစ္စကို သူ ကိုင်တွယ် ပုံအပေါ် ချီးကျူးသူရှိသကဲ့သို့ ဝေ ဖန်သူကလည်း ရှိခဲ့သည်။

ကျန်ဆူအရပ်၌ သူက တာ ဝန်ရှိသူများသည် ပြည်သူ့အပေါ် တာဝန်ကျေရမည်ဟု သူဖော်ထုတ် ခဲ့သည်။ ဒေသခံပြည်သူများက သူ
တို့ဒေသခေါင်းဆောင်များကို ဝေ ဖန်နိုင်သည့် စနစ်တစ်ခု ဖန်တီး ပေးခဲ့သည်။

၅။ Zhang Dejiang -ကျာန်း တယ်ကျန့်

          ကျာန်းတယ်ကျန့်ကို ၂ဝ၁၂ ခုနှစ်၌ တရုတ်နိုင်ငံခေါင်းဆောင် များက အခက်ခဲဆုံးပြဿနာကြီး တစ်ခု ဖြေရှင်းရန် တာဝန်ပေး ရွေး
ချယ်ခဲ့ကြသည်။ ယင်းဖြစ်ရပ်မှာ ချုံချိန်- Congqing ဒေသ၌ ပါတီ အကြီးအကဲ Bo Xilaiပိုရှီ လိုက် တာဝန်မှ ရပ်ဆိုင်း ခဲ့ရသည့် ဖြစ် ရပ်အပြီး ကျာန်းကို ပိုရှီလိုက်နေရာ ၌ ခန့်အပ်လိုက်ခြင်း ဖြစ်၏။

    သူသည် မည်မျှ စွမ်းဆောင် နိုင်သည်။ ပြဿနာကို မည်သို့ ကိုင်တွယ်ဖြေရှင်းနိုင်သည်ကို စမ်း သပ်လိုက်ခြင်း ဖြစ်သည်။ အခက် အခဲနှင့် ဂုဏ်သိက္ခာကို စိန်ခေါ်မှု နှင့် အဖြေရှာကြည့်လိုက်ခြင်းဟု လည်း ဆိုနိုင်သည်။ တရုတ်နိုင်ငံမှ ခေါင်းဆောင် အတော်များများ သည် အနောက် နိုင်ငံများနှင့် အဆက်အဆံ လုပ် လေ့ရှိသည်။ ထိုနေရာ၌လည်း ကျာန်းသည် တရုတ်နိုင်ငံ၏ မိတ် ဆွေဟောင်း ကြီး မြောက်ကိုရီးယား နိုင်ငံနှင့်ကိစ္စရပ်တွင် သူက အ ကျွမ်းကျင်ဆုံး ဖြစ်နေပြန်သည်။ သူသည် ပြုံးယမ်း၌ နှစ်နှစ်ကြာ ဘောဂဗေဒ ပညာရပ်ကို သွား ရောက်လေ့လာဖူးသူ ဖြစ်နေသည်။ ကျာန်းသည်လည်း နယ်နယ် ရရပုဂ္ဂိုလ်မဟုတ်။ တရုတ်ပြည်သူ့ တပ်မတော်မှ ဗိုလ်ချုပ်အဆင့်ရှိသူ တစ်ဦး၏သား ဖြစ်သည်။ ကျာန်း၏ နိုင်ငံရေးအစသည် တရုတ်နှင့် မြောက်ကိုရီးယား နယ်ခြားဒေသမှ အစပြု ခဲ့၏။ ထိုနေရာမှ ကျယ်ကျန်းဒေ သ။ နောက်ကွမ်းတုန့်ဒေသပါတီ အတွင်းရေးမှူးအဖြစ် ၂ဝဝ၂ မှ ၂ဝဝ၇ အထိ တာဝန်ယူခဲ့သည်။

သူ တာဝန်ယူခဲ့ရသည့် နေရာ အားလုံး၌ ပြဿနာအခက်အခဲနှင့် လွတ်ကင်းသည် မရှိခဲ့။ ၂ဝဝ၂ ခုနှစ်က အအေးမိ အဆုပ်ရောင်ရောဂါ SARS ဖစ်ပွားသည့် ဒေသ ၌ သူက တာဝန်ခံအဖြစ် ရှိနေ သည်။ အစိုးရ၏ အရေးပေးမှု နှေးကွေးလာခြင်း သည် သူ့ကို လှိုင်း တံပိုး ရိုက်ခတ်သည်။ သူက ပါတီ အကြီးအကဲဖြစ်နေ၍ သူ ဝေဖန်ခံ ခဲ့ရသည်။ ဆန့်ကျင်ကန့်ကွက်သူ များ၊ သတင်း သမားများ၏ ထိုးနှက် ခြင်း ခံခဲ့ရသည်။ သူ့အမူအကျင့်မှာ ပြုပြင် ပြောင်းလဲတတ်သူ မဟုတ်။ စီးပွား ရေးလုပ်ငန်းရှင်များက ပါတီကို ကူညီမည်ဆိုသည်ကိုလည်း သူက လက်သင့်မခံ။ ဤအရည်အချင်း ကြောင့်ပင် ၂ဝဝ၈ ခုနှစ်၌ သူ့ကို ဒုတိယဝန်ကြီးချုပ် တာဝန်ပေးခြင်း ခံရသည်။ သူ့တာဝန်မှာ စွမ်းအင် ဆက်သွယ်ရေးနှင့် သယ်ယူပို့ ဆောင်ရေးတာဝန် ဖြစ်၏။

၆။ Liu Yandong-လျူယင်းတုန်း

       တရုတ်နိုင်ငံ၏ အင်အား အကြီးဆုံး ပေါ်လစ်ဗြူရို ၂၄ ယောက်ထဲ၌ လျူသည် တစ်ဦး တည်းသော အမျိုးသမီး ဖြစ်၏။ ယင်းကဲ့ သို့သော အခွင့် အရေးသည် ရှိသည်ဆိုသော်လည်း မဖြစ်စလောက် အခွင့်အရေးဟု ဆိုရမည်။ အဘယ်ကြောင့်ဆိုသော် ထိုနေရာမှ အမြဲတမ်း ကော်မတီဝင်ဆိုသည့် အင်အားအကြီးဆုံး၊ အဆင့်အမြင့်ဆုံးဆိုသည့် အဖွဲ့ဝင်ဖြစ်ရန်ဖြစ်ပါ၏။ လျူကို ကျန်းဆူ အရပ် ၌ မွေးဖွားသည်။ သူသည်လည်း တရုတ် နိုင်ငံ၏ မင်းမျိုးမင်းနွယ် တစ် ယောက်နှင့် ယှက်နွယ်၍ လျူသည် မင်းနွယ်မင်းမျိုးအဖြစ် အလား။ သူ့ဖခင်မှာ စိုက်ပျိုးရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီးအဆင့်ရှိသော်လည်း သူကွန်မြူနစ်ပါတီဝင် ဖြစ်ရခြင်းမှာ ယခင် သမ္မတ ကျန်ဇီမင်းက မွေးစားဖခင်အဖြစ်နေရာယူပေးခဲ့၏။ လျူသည် လက်ရှိသမ္မတ ဟို ကျင်းတောင်ကဲ့သို့ပင် Tsinghua တက္ကသိုလ် ထွက် ဖြစ်၏။ ကွန်မြူ နစ်လူငယ်အဖွဲ့ချုပ်၌ ဟိုကျင်း တောင်၏ လက်ထောက်အဖြစ် တာဝန်ယူခဲ့ဖူးသည်။

         ထို့နောက် သူသည် တရုတ် နိုင်ငံ၏ Renmihတက္ကသိုလ်မှ မဟာဝိဇ္ဇာဘွဲ့ကို လူမှုဗေဒှသခငသူသါပ ပညာရပ်နှင့် ရခဲ့သည်။
သူ့ခင်ပွန်းဖြစ်သူ ယန်းယွမ် ရှိန်ကမူ တရုတ်နိုင်ငံပုံစံ မင်းမျိုး မင်းနွယ်ဝင်ဖြစ်သော်လည်း နည်း ပညာလုပ်ငန်းပိုင်ရှင်ဖြစ်၏။ သူတို့ မိသားစု၌ သမီးလေးတစ်ဦး ထွန်း ကားသည်။ ယခုအခါ အသက် ၃ဝ ကျော်ရှိပြီး ဟောင်ကောင်ကျွန်း၌ အလုပ်လုပ်နေသည်။ အမေရိကန်ထောက်လှမ်းရေး သတင်းများအရ သူ့ခင်ပွန်းဖြစ်သူ ယန်းက သံတမန်များကို ပြောခဲ့ဖူး သည်။ သူ့ဇနီးဖြစ်သူသည် အင်္ဂ လိပ်စကား ကျွမ်းကျင်စွာ ပြော တတ်သည်။ ဓာတ်ပုံဝါသနာအိုး ဖြစ်သည်။ သို့သော် ဝါသနာကို ဘေးဖယ်ထားရသည်မှာ အချိန်မရှိ ၍ဖြစ်၏။ သူ့ဇနီးသည် အလုပ် အလွန် လုပ်ပြီး တိတ်ဆိတ်စွာနေတတ်သည်။

      နိုင်ငံခြားမှ ရောက်လာသော သိပ္ပံပညာရှင်များနှင့်အတူ အလုပ် တွဲလုပ်သည့်အခါ တရုတ်လူမျိုးတို့ ၏ ယဉ်ကျေးမှုများကို နားလည် သဘောပေါက်စေရန် ရှင်းလင်း ပြသလေ့ရှိသည်။

၇။ Liu Yunshan-လျူယွင်းစန်

    လျူယွင်းစန့် အသက် ၅၅ နှစ်သည် ပါတီဝါဒဖြန့်ချိရေး ဌာန ကြီးမှူး ဖြစ်၏။ ယင်းဌာနသည် နိုင်ငံ၏ မီဒီယာနှင့် သတင်းကွန် ရက်မူဝါဒကို ကြပ်မတ်စွာ ကိုင် တွယ်ရသည့်နေရာဖြစ်သည်။ သူသည် ၁၉၆၈ ခုနှစ်မှ စ၍ နှစ်ပေါင်း ၃ဝ လုံးလုံးအတွင်း မွန်ဂို လီးယားဒေသ၌ တာဝန်ထမ်း ဆောင်ခဲ့သည်။ ထိုနေရာမှ စုပေါင်း အလုပ်စခန်းသို့ ရွှေ့ခဲ့သည်။

    မကြာမီက ဆင်ဟွာသတင်း ဌာန၌ သတင်းထောက်အဖြစ် တာ ဝန်ပေးခံရသည်။ ပြည်သူနှင့် ဆက်ဆံရေး တာဝန်ခံ။ ထိုနေရာ မှ ဒေသပါတီ ဒုတိယအကြီးအကဲ ဖြစ်လာသည်။ လျူကို ရှင်ကျိုဝူမြို့ စန်းရှီး ပြည်နယ်၌ မွေးဖွားသည်။ ၁၉၇၁ ခုနှစ်၌ ကွန်မြူနစ် ပါတီဝင်သည်။ ပါတီကျောင်းမှ ဘွဲ့ရသည်။ သူသည် ကွန်မြူနစ်ပါတီ လူငယ်အဖွဲ့ ချုပ်၌ သမ္မတဟိုကျင်တောင်နှင့် နီးကပ်စွာ အလုပ်လုပ်ခဲ့ရ၍ အလွန် ရင်းနှီးခဲ့၏။ လျူ၏သား လျူလဲ့ဖေကမူ ပုဂ္ဂလိကလုပ်ငန်းရှင်တစ်ဦး ဖြစ် သည်။
   အကယ်၍ သူသည်သာ အမြဲတမ်းကော်မတီ၌ အရွေးခံခဲ့ရ ပါမူ သူ့ကို ဝါဒဖြန့်ချိရေးဌာန၌ တာဝန်ချမည်က အသေ အချာ ဖြစ် ပါ၏။ သူသည် တရုတ်နိုင်ငံ၏ ပြင်း ထန်သော ဆင်ဆာဖြတ်တောက် ပုံစံကြောင့် မခံရပ်နိုင်သည့် ဝေဖန် မှုများနှင့် ရင်ဆိုင်ရဖွယ်ရှိ၏။

Online ပေါ်တွင် တရုတ် အစိုးရအပေါ် ဝေဖန်မှုများပွားများ တိုးလာခြင်းနှင့် ပတ်သက်၍ သူက ''အခုလို ပျံ့နှံ့နေတာကို ထိန်းချုပ် ဖို့ တော်တော်ခက်ပါတယ်။ In-ternet သုံးတဲ့လူတွေအနေနဲ့က လည်း သတင်းတွေကို လွတ်လပ် စွာ ပေးခွင့်၊ ယူခွင့်ရှိတယ်လေ။ ဒါ ပေမယ့် စည်းကမ်းတော့ လိုက်နာရ မှာပေါ့''

၈။ Yu Zhengsheng-ယွီကျန်းစင်း

ယွီသည် တရုတ်နိုင်ငံ၏ အကြီးမားဆုံးမြို့ ရှန်ဟဲမြို့ပါတီ အကြီးအကဲဖြစ်သည်။
သူသည် တရုတ်နိုင်ငံပုံစံ မင်း မျိုးမင်းနွယ်ကဲ့သို့ ယခင် သမ္မတ ကျန်ဇီမင်းနှင့် ယခုသမ္မတ ဟိုကျင် တောင်နှင့် အနီးကပ်ဆက်ဆံခဲ့ရ သူ ဖြစ်သည်။ သူသည် ကွယ်လွန် သူ ခေါင်းဆောင်ကြီး တိန်ရှောက် ပင် မိသားစုနှင့်လည်း အဆက် အသွယ်ရှိ၏။ ထူးဆန်း သည့်ကိစ္စမှာ ၁၉၈ဝ ပြည့်နှစ်ကာလများက သူ့ညီဖြစ် သူသည် အမေရိကန်သို့ ဘက် ပြောင်းသွားသော်လည်း သူ့နိုင်ငံ ရေး လမ်းကြောင်းမှာ ထိခိုက်သွား ခြင်း မရှိခဲ့ပေ။ ဖြစ်နိုင်သည်မှာ တိန်၏သားဖြစ်သူက သူ့ဘက်မှ ကာကွယ်ပေးခဲ့၍ ဖြစ်ပေလိမ့် မည်။
ယွီ၏ ဖခင်မှာ ကျန်ချိန်ဆိုသူ အမျိုးသမီးနှင့် အိမ်ထောင်ကျခဲ့ သေးသည်။ ယင်းကျန်ချိန်သည် နောက်ပိုင်း၌ တရုတ်နိုင်ငံတွင် နာ မည်ဆိုးနှင့် ကျော်ကြားသည့် ဥက္ကဋ္ဌ ကြီးမော်၏ဇနီး ဖြစ်ခဲ့သည်။

     ယွီသည် ဟာဘင်ရှိ တပ်မ တော် အင်ဂျင်နီယာနည်းပညာ သိပ္ပံမှ ဘွဲ့ရခဲ့သည်။ သူ အထူးပြု သင်ယူခဲ့သည့်ဘာသာရပ်မှာ တိုက် ချင်းပစ်ဒုံးကျည် တည်ဆောက်ခြင်း ပညာဖြစ်၏။ သူသည် ၁၉၈ဝ ပြည့်နှစ်ကတည်းက နှစ် ၂ဝ လုံးလုံး အီလက်ထရွန်းနစ် အင်ဂျင်နီယာလုပ်ငန်းကို လုပ်ကိုင်ခဲ့သည်။

     နောက်ပိုင်း၌ တရုတ်နိုင်ငံ အရှေ့ဘက် ချိန်တောင်းမြို့တော် ဝန်နှင့် ပါတီဥက္ကဋ္ဌ တာဝန်ယူကာ တရုတ်နိုင်ငံ၏ နာမည်ကျော် ကြား လှသော Tsingtao ဘီယာနှင့် Haier ပစ္စည်းဌာန တီထွင်ထုတ် လုပ်နိုင်ခြင်းဖြင့် ထင်ရှားလာ သည်။  ယွီသည် ကားငယ်လေး တစ် စင်းနှင့် ခရီးထွက်ခြင်းကို ဝါသနာ ပါသည်။ သူ့ဘေး၌ ကိုယ်ရံတော် တစ်ယောက်၊ နှစ်ယောက်၊ တာဝန် ရှိသူ အနည်းငယ်နှင့် ခရီးထွက် တတ်သည်။ကားများစီတန်း၍သွား လာခြင်းကို မနှစ်သက်တတ်ပေ။


၉။ Wang Yang -ဝါမ်ယန့်

တရုတ်နိုင်ငံ ပြုပြင်ပြောင်းလဲ မည့် မျိုးဆက်သစ်၏အလံကို ရှေ့ တန်းမှ ကိုင်တတ်သူမှာ ဝါမ်ယန့် ဖြစ်သည်ဟု ဆိုကြ၏။
''ပြုပြင်ပြောင်းလဲရေးကို လုပ် မယ်ဆိုပြီး စိတ်အားထက်သန်စွာနဲ့ ပြဿနာတွေကို ဖြေရှင်းတော့မယ် လို့ လုပ်လိုက်တာနဲ့ ကျုပ်တို့ ပထမဦးဆုံး လုပ်ရမှာက ပါတီရော အစိုးရအဖွဲ့ရော ခွဲခြမ်းစိပ်ဖြာပစ် ကြရမှာပဲ'' ဆိုသော စကားကို ဝါမ် က ၂ဝ၁၂ ခု အမျိုး သားပြည်သူ့ ကွန်ဂရက်၌ ပြောဆိုသည်။

    ဝါမ်အနေနှင့် ချုံချိန်မြို့၌ ပါတီဥက္ကဋ္ဌ တာဝန်ယူနေစဉ် ကာ လအတွင်းမှာပင် လူအများ၏လေး စားခြင်းကို ရာယူနိုင်ခဲ့သူဖြစ်သည်။
ကွမ်တုန်ဒေသ ဝူကန်ကျေး ရွာ၌ လယ်ယာမြေပြဿနာ ပေါ် ပေါက်စဉ် သူကိုင်တွယ်ဖြေရှင်းပုံ ကြောင့် လေးစားခံရ၏။ ဝါမ်ကို ဆူးကျုတ်မြို့၌ အလုပ်သမား မိသားစုမှ ပေါက်ဖွားလာသူဖြစ်၏။ သူသည် ၁၉၇ဝ ပြည့်နှစ်ကာလ များ၌ အစားအစာ ထုတ်လုပ် သည့် စက်ရုံ၌ အလုပ်လုပ်ခဲ့ရသည်။ ထို့နောက် ပါတီကျောင်း၌ နိုင်ငံရေးဘောဂဗေဒကို သင်ကြား ခဲ့ရသည်။ ဝါမ်သည် ထိုကျောင်း မှ နိုင်ငံရေး စီမံခန့်ခွဲမှုပညာရပ်၌ ဘွဲ့ ရရှိခဲ့သည်။

   သူ့အနေနှင့် ကွန်မြူနစ်လူ ငယ်အဖွဲ့ချုပ်သို့ဝင်ရောက်စဉ် ယခု သမ္မတဟိုကျင်တောင်က အကြီးအကဲ တာဝန်ယူထား ချိန်ဖြစ်သည်။  ကွမ်တုန်တွင်ရှိနေစဉ် ဝါမ် သည် ဒေသတွင်းရှိ လူကြီးများနှင့် ပို၍ လူသိများပါ၏။ သူသည် ဒေသတွင်းမှ စီးပွား လုပ်ငန်းရှင်များ၊ တီထွင်ထုတ်လုပ်သူများနှင့် ပုံမှန် တွေ့ဆုံလေ့ရှိ၍ ဖြစ်ပါ၏။

၁ဝ။ Zhang Gaoll-ကျာန် ကောက်လီ

ကျာန်ကောက်လီသည် ထျန် ကျင်ဆိုသည့် ပေကျင်းမြို့အရှေ့ ဘက် အလွန်ချမ်းသာကြွယ်ဝ သည့် မြို့မှ ပါတီအကြီးအကဲ ဖြစ် သည်။ ဖူကျင့်မြို့၌ မွေးဖွားသည်။ ရှမင်တက္ကသိုလ်မှ ဘောဂဗေဒနှင့် စာရင်းအင်းပညာများဖြင့် ဘွဲ့ရ သည်။ သူ ငယ်ရွယ်စဉ်ဘဝ လုပ်ကိုင်ခဲ့သည့် လုပ်ငန်းမှာ ရေနံလုပ်ငန်း၌ ဖြစ်သည်။ ထိုမှ ၁၉၈ဝ ပြည့်နှစ် များ၌ ကွမ်တုန်ဒေသ၌ တာဝန်ရှိ ပုဂ္ဂိုလ် ဖြစ်လာခဲ့၏။

၁၉၉၈ ခုနှစ်၌ ဟောင်ကောင် ကျွန်း၏တစ်ဘက်ကမ်း ဖွံ့ဖြိုးသော တောင်ဘက်ဒေသ စင်ကျန်၌ ပါတီအကြီးအကဲ ဖြစ်လာသည်။ မြို့တော်နှင့် ယင်းဒေသ တစ်ခုလုံး ဖွံ့ဖြိုးရေးကို အားသွန် ခွန်စိုက် ပြုလုပ်ခဲ့၍ ယခင်သမ္မတကြီး ကျန် ဇီမင်းနှင့် အနီးကပ်နေခဲ့ရ သည်။ ထို့ကြောင့် ၂ဝဝ၂ ခုနှစ်၌ သူသည် စန့်တုန်ဒေသ အုပ်ချုပ်ရေးမှူး အဖြစ် ရာထူးတိုးပေးခံရသည်။

   သူသည် ထန်ကျင်မြို့၌ အကြီးအကဲအဖြစ် တာဝန်ယူခဲ့ သော်လည်း လူအများကြား၌ ထင် ထင်ပေါ်ပေါ် မနေ။ ထို့ကြောင့် သူ့ ပုဂ္ဂလိကဘဝအကြောင်းများ ကို သိသူနည်းပါးလှ၏။

၁၁။ Meng Jianzhu -မုန့်ကျင်း ကျူ

   မုန့်ကျင်းကျူသည် ယခုလော လောဆယ်၌ ပြည်သူ့လုံခြုံရေးဝန် ကြီးတာဝန် ယူထားသည်။ ပြည် တွင်း ဥပဒေစိုးမိုးရေးဖြစ်၍ အလွန် အရေးပါသည့်နေရာဖြစ်၏။
    အချို့က သူသည် နိုင်ငံတစ်ခု လုံး၏ လုံခြုံရေးတာဝန် ယူရမည့် သူဟု ထင်မှတ်နေကြသည်။ သို့သော် မုန့်အနေနှင့် ယခု ရာထူး ရနေခြင်းမှာ ယခင် သမ္မတ ကျန်ဇီမင်းက သူ၏ ရှန်ဟဲ ဂိုဏ်း သားအဖြစ်နှင့် တာဝန်ပေးထား ခြင်း ဖြစ်သည်။ ယခု လက် ရှိ ခေါင်းဆောင်များက သူ့အား လက်ခံမည်၊ လက် မခံဆိုသည်မှာ မသေချာလှပေ။ မုန့်ကို ဆူးကျိုဝူ၌ မွေးဖွားခဲ့ သည်။ ၁၉၇၁ ခုနှစ် ၌ ကွန်မြူနစ် ပါတီဝင်ဖြစ်သည်။ မုန့်သည် ရှန်ဟဲစက်မှု အင် ဂျင်နီယာသိပ္ပံမှ စက်မှုအင်ဂျင်နီ ယာကို လေ့လာသင်ယူခဲ့သည်။
     ၁၉၉၃ ခုနှစ်ကတည်းက သူ သည် ရှန်ဟဲမြို့၌ ဒုတိယပါတီ ဒု-ဥက္ကဋ္ဌ ဖြစ်လာခဲ့၏။ ထို့နောက် ကျန်းရှိဒေသ ပါတီဥက္ကဋ္ဌ ဖြစ် သည်မှ ၂ဝဝ၇ ခုနှစ်အထိ ဖြစ် သည်။ ယခုလောလောဆယ်၌ သူ သည် နိုင်ငံတော်၏ ရဲအဖြစ် တာ ဝန်ယူထားရသည်။ သို့သော် သူ့ အမျိုးသား လုံခြုံရေးကိစ္စဟု ဆို၏။


၁၂။ Hu Chunhua -ဟူချွန်းဟွာ

   ဟူသည် အတွင်းမွန်ဂိုလီး ယားဒေသ ပါတီဥက္ကဋ္ဌအဖြစ်သာ မက တရုတ်နိုင်ငံ၌ အသက် အငယ်ဆုံး အဆင့်မြင့်ခေါင်းဆောင် တစ်ဦးလည်း ဖြစ်သည်။ သူ သည် တစ်နေ့၌ နိုင်ငံခေါင်း ဆောင်အထိ ဖြစ်မည့်သူဟု မြင် ထားကြသည်။

   သူ့ကို ဟူလေးဟုလည်း ခေါ် ကြသည်။ သူနှင့် လက်ရှိသမ္မတ ဟူကျင်တောင်တို့ အလွန်နီးကပ် စွာ ရင်းနှီးကြသည်။ သို့သော် ဆွေနီးမျိုးစပ်ပင် မတော်ကြပေ။
    အကယ်၍ သူ့ကို အမြဲတမ်း ကော်မတီ၌ အရွေးခံရပါက အသက်အငယ်ဆုံး အဖွဲ့ဝင် ဖြစ် လာပေမည်။ သူ့အသက်မှာ ယခု ၄၉ နှစ်သာ ရှိသေးသည်။ အကယ် ၍ ယခုသမ္မတ အရွေးခံရမည့် ရှိ ကျင်ဖိန်းသည် ၂ဝ၂၂ ခုနှစ်၌ တာ ဝန်မှ စွန့်လွှတ်သည့်အခါ လျူ သည် ထိုနေရာကို ဆက်ခံမည့်ဟု ဖြစ်လာနိုင်သည်။

   သူ့ဘဝနောက်ကြောင်းက လည်း ရိုးသားဖြူစင်၏။ သူသည် ဟူပေ လယ်ယာလုပ်ငန်း မိသားစုမှ ဆင်းသက်လာသူ။ သို့သော် ပေကျင်းတက္ကသိုလ်၌ အဆင့်အမြင့် ဆုံးအမှတ်နှင့်အောင်မြင်ခဲ့သူဖြစ်သည်။ သူ့နိုင်ငံရေးဘဝမှာ တိဘက် ၌ အစပြုသည်။ ကွန်မြူနစ်လူငယ် အဖွဲ့ချုပ်ဝင် လက်ရှိသမ္မတ ဟူ ကျင်တောင် သြဇာတက်ခဲ့သည့် နေရာ ဖြစ်သည်။  ယခု ဟူသည် လည်း တိဘက်၌ ၂၃ နှစ်ကြာ တာ ဝန်ထမ်းဆောင်ခဲ့သည်။ တရုတ် နိုင်ငံ၌ မျိုးနွယ်စု မီးစတစ်တောက် နေရာဖြစ်၏။
     ဟူသည် ၂ဝဝ၉ ခုနှစ်၌ အတွင်းမိုဂိုလီးယား၌ တာဝန်ကျ သည်။ မွန်ဂိုမျိုးနွယ်များ၏ ဆန္ဒပြ မှုများနှင့် သူကြုံရသည်။ သတ္တု တွင်းကြောင့် မွန်ဂိုများ မကျေမနပ် ဖြစ်ကြခြင်း ဖြစ်သည်။

''ပြဿနာတစ်ခု ဖြစ်လာပြီ ဆိုရင် လူအများစုရဲ့ ဆန္ဒကိုသာ အခြေခံထားပြီး စတင်ဖြေရှင်းရ မယ်။ ဒါမှလည်း လုံခြုံစိတ်ချရပြီး လိုအပ်တဲ့အချက်အလက်တွေ ရမယ်''
''တကယ်လို့ လူအများစုရဲ့စိတ်ဆန္ဒကို ကောင်းမွန်စွာ မဖော်ထုတ်နိုင်ဘူး။ သူတို့ကို အကာအကွယ်မပေးနိုင်ဘူး ဆိုရင်ဖြစ်ပေါ်နေ တဲ့ ပြဿနာ ဖြေရှင်းမှုက တာရှည်ခိုင်မြဲမှာ မဟုတ်ဘူး''

  • နိဂုံး

တရုတ်နိုင်ငံသည် ၁ဝ စု နှစ် တစ်ခုလျှင် သမ္မတ၊ ဝန်ကြီးချုပ်ဆို သည့် နိုင်ငံ၏ အရေးပါသော ရာ ထူးကြီးများယူထားသူ ပုဂ္ဂိုလ်များ သည် တာဝန်မှ အနားယူ၍ လူ ငယ်ခေါင်းဆောင်သစ်များကို တာ ဝန်လွှဲပေးလေ့ရှိသည်။

အာဏာရပါတီ၏ ထိပ်တန်း မူဝါဒ ဆုံးဖြတ်သည့် နေရာမှ လူဦး ရေ ထက်ဝက်ခန့်ကိုလည်း အပြောင်းအလဲ လုပ်လေ့ရှိသည်။
သို့သော် အထက်ဖော်ပြပါ လူပုဂ္ဂိုလ် ၁၂ ဦးကို ကြည့်ပါက တရုတ်နိုင်ငံပုံစံ၊ ရာထူးကြီး ယူ ထားကြသူများ၏ သားသမီး၊ တပည့်များသာ ဖြစ်လေ့ဖြစ်ထ ရှိ သည်ကို တွေ့ကြရမည် ဖြစ်ပါ၏။

တစ်ပါတီ၊ အာဏာရအုပ်ချုပ် သည့်နိုင်ငံများ၌ တွေ့ရသည့် ပုံစံ ဟုဆိုလျှင် မမှားဟု ဆိုရပေမည်။

Source : BBC.com
စိုးမင်းဦး

No comments:

Post a Comment