Wednesday, April 18, 2012

တပင်ရွှေထီး ဘုရင့်နောင်နှင့် ဒုတိယမြန်မာနိုင်ငံတော် (အပိုင်း - ၁၃)


  • နောင်ရိုးတိုက်ပွဲ ဖောင်ဖျက်နွှဲသည့် ကျော်ထင်နော်ရထာ
          တပင်ရွှေထီးသည် ဟံသာဝတီကိုရရှိပြီးနောက် တိမ်းရှောင်နေကြသော မွန်အမှုထမ်း၊ အရာထမ်းတို့ကို ပြန်လည်ခေါ်ယူပြီးလျှင် ၎င်းတို့၏ ရာထူးအလိုက် ခန့်ထားချီးမြှောက်တော်မူ၏။ ဟံသာဝတီပြည်သားတို့ကိုလည်း ကိုယ်စိတ်နှစ်ပါး ချမ်းသာစွာ နေနိုင်ကြစေရန် စီမံတော်မူသည်။ သို့သော် အစိုးရိမ်ကြီးသော သူတို့ကား မြန်မာဘုရင်သည် ငါတို့အား ပရိယာယ်ဖြင့်ခေါ်၍ နှိပ်စက်ပေလိမ့်မည်ဟု အတွေးဝင်ကာ မုတ္တမသို့ ထွက်ပြေးကြလေသည်။