Tuesday, December 11, 2012

အီလစ်တို့ အဆီရစ်လေသော်နှင့် နိုင်ငံရေးလေပြေ


Written by ဒေါက်တာရန်မျိုးသိမ်း | Monday, 10 December 2012 11:29




အီလစ်ဆိုသောအလွှာသည် ပါးလွှာသော်လည်း အလွန်အသွားထက် လက်တံရှည်သဖြင့် နိုင်ငံ တစ်နိုင်ငံ၏ နိုင်ငံရေး၊ စီးပွားရေးတို့တွင် သူတို့၏ နေရာမှာ မှန်းဆသည်ထက် ကျယ်ဝန်းတတ်သည်။ အချိုးပျက် ကြွယ်ဝချမ်းသာမှု သို့မဟုတ် နိုင်ငံရေးအာဏာကို ပိုင်ဆိုင်သော လူအနည်းငယ်ပါဝင်သည့်အဖွဲ့ သို့မဟုတ် အီလစ်များသည် နိုင်ငံရေးတွင်ဖြစ်စေ၊ စီးပွားရေးတွင်ဖြစ်စေ အပြောင်းအလဲကို ခေါင်းကိုင်သူများ၊ နောက်ကွယ်မှ ထိန်းကျောင်းသူများဟု ကိုယ့်ကိုယ်ကို ကင်ပွန်းတပ်လေ့ရှိသည်။ အီလစ်တို့သည် မင်းအစိုးရတို့မှ ပေးသနားသော အခွင့်အရေးများနှင့် အဆီရစ်လေသောအခါ တိုင်းပြည်၏ နိုင်ငံရေးနှင့် စီးပွားရေးဘ၀တို့သည် လေပြေဖြစ်လိုက်၊ မုန်တိုင်းဖြစ်လိုက် ဗြောင်းဆန်နေနိုင်သည်။

ရန်ကုန်နှင့် ဆန်ဖရန်စစ္စကို ညီအစ်မမြို့တော်ဖြစ်ရေး ဆောင်ရွက်မည်ဟုဆို

ဧရာဝတီ |


ဆန်ဖရန်စစ္စကို မြို့တွင်းမြင်ကွင်းတစ်ခု

ရန်ကုန်နှင့် အမေရိကန်နိုင်ငံ ဆန်ဖရန်စစ္စကို မြို့တို့ကို ညီအစ်မ မြို့တော်အဖြစ် ပူးပေါင်းနိုင်ရန် ညှိနှိုင်းနေပြီဖြစ်ကြောင်း သိရသည်။
မြန်မာပြည်သို့ ခေတ္တရောက်ရှိနေသည့် အမေရိကန်နိုင်ငံ ဆန်ဖရန်စစ္စကိုမြို့အခြေစိုက် အမေရိကန်မြန်မာ ကုန်သည်ကြီးများအသင်း (USA Myanmar Chamber of Commerce) ၏ အဖွဲ့ဝင်တဦးဖြစ်သူ ဦးဖိလစ်မောင်က ရန်ကုန်မြို့ တော်ဝင်နှင်း ဆီခန်းမတွင် ဒီဇင်ဘာ ၉ ရက်နေ့က ကျင်းပသော “လူငယ်နှင့် စွန့်ဦးတီထွင်ခြင်း” ဟောပြောပွဲ၌ အထက်ပါအတိုင်း ပြောဆိုခဲ့ခြင်း ဖြစ်သည်။