Showing posts with label ပြည်တွင်းသတင်း. Show all posts
Showing posts with label ပြည်တွင်းသတင်း. Show all posts

Saturday, September 7, 2013

Tuesday, December 11, 2012

ရန်ကုန်နှင့် ဆန်ဖရန်စစ္စကို ညီအစ်မမြို့တော်ဖြစ်ရေး ဆောင်ရွက်မည်ဟုဆို

ဧရာဝတီ |


ဆန်ဖရန်စစ္စကို မြို့တွင်းမြင်ကွင်းတစ်ခု

ရန်ကုန်နှင့် အမေရိကန်နိုင်ငံ ဆန်ဖရန်စစ္စကို မြို့တို့ကို ညီအစ်မ မြို့တော်အဖြစ် ပူးပေါင်းနိုင်ရန် ညှိနှိုင်းနေပြီဖြစ်ကြောင်း သိရသည်။
မြန်မာပြည်သို့ ခေတ္တရောက်ရှိနေသည့် အမေရိကန်နိုင်ငံ ဆန်ဖရန်စစ္စကိုမြို့အခြေစိုက် အမေရိကန်မြန်မာ ကုန်သည်ကြီးများအသင်း (USA Myanmar Chamber of Commerce) ၏ အဖွဲ့ဝင်တဦးဖြစ်သူ ဦးဖိလစ်မောင်က ရန်ကုန်မြို့ တော်ဝင်နှင်း ဆီခန်းမတွင် ဒီဇင်ဘာ ၉ ရက်နေ့က ကျင်းပသော “လူငယ်နှင့် စွန့်ဦးတီထွင်ခြင်း” ဟောပြောပွဲ၌ အထက်ပါအတိုင်း ပြောဆိုခဲ့ခြင်း ဖြစ်သည်။

Monday, November 12, 2012

နိုဝင်ဘာ ၁၁ရက်နေ့ နံနက်က လှုပ်ခတ်ခဲ့သောငလျင်နှင့်ပတ်သက်၍ရရှိသော ပျောက်ဆုံးပျက်ဆီး သတင်း

နိုဝင်ဘာ ၁၁နိုဝင်ဘာ ၁၁ရက်နေ့ နံနက်   ရွှေဘိုမြို့၏ မြောက်ဘက် (၄၅)မိုင်ခန့်နှင့် သပိတ်ကျင်းမြို့ အနောက်တောင်ဘက် (၁၂)မိုင်ခန့်နေရာတို့ကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး(၆.၈)နှင့် (၅.၀)အဆင့်ရှိ ငလျင် (၃)ကြိမ် လှုပ်ခတ်ခဲ့သည့် ငလျင်နှင့်ပတ်သက်၍ ဆက်လက်ရရှိသော သတင်းများအရ . .

၂၀၁၂ ခုနှစ်၊ နိုဝင်ဘာလ ၁၁ ရက်နေ့ မြန်မာစံတော်ချိန် (၁၇) နာရီ၊ (၂၆)မိနစ်၊ (၂၀)စက္ကန့်အချိန်တွင် မန္တလေးမြေငလျင်စခန်းမှ မြောက်-အနောက်မြောက်ဘက် ၅၅ မိုင်ခန့် ကွာဝေးသော မြန်မာနိုင်ငံပြည်တွင်း (ရွှေဘိုမြို့၏ မြောက်ဘက် (၁၅)မိုင်ခန့်အကွာ)ကို ဗဟိုပြု၍ အင်အားရစ်(ခ်ျ)တာစကေး (၅.၈)အဆင့်ရှိ နောက်ဆက်တွဲ အင်အား အသင့်အတင့်ရှိသော မြေငလျင်တစ်ခုလှုပ်ရှားသွားကြောင်း မိုးလေဝသနှင့်ဇလဗေဒမှ သတင်းထုတ်ပြန်ခဲ့။


နေပြည်တော် နိုဝင်ဘာ ၁၁နိုဝင်ဘာ ၁၁ရက်နေ့ နံနက်က လှုပ်ခတ်ခဲ့သောငလျင်နှင့်ပတ်သက်၍ ဆက်လက်ရရှိသော သတင်းများအရ-

* စစ်ကိုင်းမြို့တွင် မင်းကွန်းခေါင်းလောင်းတော်ကြီး အနည်းငယ်နေရာရွှေ့ခြင်း၊ ဝန်ထမ်းအိမ်ရာ(၆) ခန်းတွဲ (၂) ထပ်မှ အခန်း(၃) ခန်း၏ အပေါ်ထပ် နံရံပြိုကျပြီး အပေါ်ထပ် ကြမ်းခင်းကျွံကျခြင်း

Friday, October 19, 2012

KIO နှင့် အစိုးရ ကိုယ်စားလှယ်များ ရွှေလီတွင် တွေ့မည်



ကချင်လွတ်လပ်ရေး အဖွဲ့ (KIO) နှင့် အစိုးရ ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့ နှစ်ဖက်ကိုယ်စားလှယ် များသည် တင်းမာနေသော စစ်ရေးကိစ္စများ ပြေလည်စေရေးအတွက် တရုတ်နိုင်ငံ ရွှေလီမြို့တွင် တွေ့ဆုံဆွေးနွေးကြရန် သဘောတူထားကြောင်း သိရသည်။


တရုတ်နိုင်ငံ ရွှေလီမြို့၌ ယမန်နှစ် နိုဝင်ဘာ ၂၉ ရက်နေ့က ပြုလုပ်သည့် တွေ့ဆုံဆွေးနွေးပွဲတွင် အစိုးရကိုယ်စားလှယ် ဦးအောင်သောင်းနှင့် KIO ဥက္ကဋ္ဌ ဦးဇောင်းဟရားတို့ ဆွေးနွေးချက်များ အပြန်အလှန် ဖလှယ်နေစဉ် (ဓာတ်ပုံ – KIO)