Monday, November 12, 2012

နိုဝင်ဘာ ၁၁ရက်နေ့ နံနက်က လှုပ်ခတ်ခဲ့သောငလျင်နှင့်ပတ်သက်၍ရရှိသော ပျောက်ဆုံးပျက်ဆီး သတင်း

နိုဝင်ဘာ ၁၁နိုဝင်ဘာ ၁၁ရက်နေ့ နံနက်   ရွှေဘိုမြို့၏ မြောက်ဘက် (၄၅)မိုင်ခန့်နှင့် သပိတ်ကျင်းမြို့ အနောက်တောင်ဘက် (၁၂)မိုင်ခန့်နေရာတို့ကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး(၆.၈)နှင့် (၅.၀)အဆင့်ရှိ ငလျင် (၃)ကြိမ် လှုပ်ခတ်ခဲ့သည့် ငလျင်နှင့်ပတ်သက်၍ ဆက်လက်ရရှိသော သတင်းများအရ . .

၂၀၁၂ ခုနှစ်၊ နိုဝင်ဘာလ ၁၁ ရက်နေ့ မြန်မာစံတော်ချိန် (၁၇) နာရီ၊ (၂၆)မိနစ်၊ (၂၀)စက္ကန့်အချိန်တွင် မန္တလေးမြေငလျင်စခန်းမှ မြောက်-အနောက်မြောက်ဘက် ၅၅ မိုင်ခန့် ကွာဝေးသော မြန်မာနိုင်ငံပြည်တွင်း (ရွှေဘိုမြို့၏ မြောက်ဘက် (၁၅)မိုင်ခန့်အကွာ)ကို ဗဟိုပြု၍ အင်အားရစ်(ခ်ျ)တာစကေး (၅.၈)အဆင့်ရှိ နောက်ဆက်တွဲ အင်အား အသင့်အတင့်ရှိသော မြေငလျင်တစ်ခုလှုပ်ရှားသွားကြောင်း မိုးလေဝသနှင့်ဇလဗေဒမှ သတင်းထုတ်ပြန်ခဲ့။


နေပြည်တော် နိုဝင်ဘာ ၁၁နိုဝင်ဘာ ၁၁ရက်နေ့ နံနက်က လှုပ်ခတ်ခဲ့သောငလျင်နှင့်ပတ်သက်၍ ဆက်လက်ရရှိသော သတင်းများအရ-

* စစ်ကိုင်းမြို့တွင် မင်းကွန်းခေါင်းလောင်းတော်ကြီး အနည်းငယ်နေရာရွှေ့ခြင်း၊ ဝန်ထမ်းအိမ်ရာ(၆) ခန်းတွဲ (၂) ထပ်မှ အခန်း(၃) ခန်း၏ အပေါ်ထပ် နံရံပြိုကျပြီး အပေါ်ထပ် ကြမ်းခင်းကျွံကျခြင်း
တို့ ဖြစ်ပေါ်ခဲ့သည်။

* ရွှေဘိုမြို့တွင် ချမ်းသာကြီးစေတီတော်၏ စိန်ဖူးတော် မြေခခဲ့ပြီး ကြာမောက်ကြာလန် အောက်မှ အင်္ဂတေအချို့ ပြိုကျပျက်စီးခြင်း၊ မင်းသမီး ရွှေကျောင်းဘုရားနှင့် နန်းဦးကျောင်း အတွင်းရှိ စေတီများ၏ စိန်ဖူးတော်များ မြေခခြင်း၊ အတွင်းမိတ္ထီလာ ဘုန်းကြီးကျောင်းနှင့် အရှေ့လောကမာရဇိန် ဘုန်းကြီးကျောင်းတို့၏ မုဒ်ဦးများ ပြိုကျပျက်စီးခြင်း၊ ရွှေဂူကြီးဘုရား၏ ကြာမောက်ကြာလန်များ ပြိုကျပျက်စီးခြင်း၊ ရွှေဘုံသာဘုန်းကြီးကျောင်း အတွင်းရှေးဟောင်းစေတီတော် (၁)ဆူ ပြိုကျခြင်းနှင့် စိန်ဖူးတော် (၁) ခု မြေခခြင်း၊ ဇောတိကရာမဘုန်းကြီးကျောင်းမှ အုတ်တံတိုင်း (၅) ခန်း၊ ရွှေဘုံရတနာ မင်္ဂလာနန်းတော်ကျောင်းမှ အုတ်တံတိုင်း (၈) ခန်းနှင့် အောင်ချမ်းသာဘုန်းကြီးကျောင်းမှ အုတ်တံတိုင်း (၄)ခန်းတို့ ပြိုကျခြင်း၊ ဆင်အင်းကျေးရွာ ကုန်းသာဘုန်းကြီးကျောင်းအတွင်း ပြသာဒ်ဟောင်း အပေါ်ပိုင်း (၄)ပေခန့် ပြိုကျခြင်းတို့ ဖြစ်ပေါ်ခဲ့သည်။

* ခင်ဦးမြို့နယ် ကဘွက်ကျေးရွာ ဘုန်းကြီးကျောင်းနှင့် (၂)ထပ် ဘုန်းတော်ကြီးသင် စာသင်ကျောင်း ပြိုကျခဲ့ရာ ကျောင်းထိုင်ဘုန်းကြီး (ဘွဲ့၊ သက်တော်၊ ၀ါတော်၊) စိစစ်ဆဲမှာ ဦးခေါင်းပေါက်ပြဲဒဏ်ရာ (မစိုးရိမ်ရ) ရရှိခဲ့။ခင်ဦးမြို့နယ်တွင် ကုက်တတ်အုပ်စု ရုံးပင်ကျေးရွာ စာသင်ကျောင်းနှင့် ဘုန်းကြီးကျောင်း ပြိုကျခြင်းနှင့် အညာသီဟတော ဘုရားထီးတော်ယိုင်၍ အာရုံခံသစ်သားတန်ဆောင်းတို့ ပြိုကျခြင်းတို့ ဖြစ်ပေါ်ခဲ့သည်။

* ကန့်ဘလူမြို့နယ်တွင် မလယ်ကျေးရွာ ဘုန်းကြီးကျောင်းအဝင် အုတ်တံတိုင်း(၁၂) ခန်း ပြိုကျခြင်း၊ ဓမ္မာရုံ(၂) ခု၏ အုတ်နံရံ ပြိုကျခြင်း၊ အိမ်ခြေ အလုံး(၂ဝ)ပြိုကျခြင်း၊ ရေရှင်ကျေးရွာဘုန်းကြီးကျောင်းမှ စေတီ (၂)ဆူ ထီးတော်အဆင့်ထိ ပြိုကျခြင်း၊ ဇီးကုန်းဘောင်ကျေးရွာမှ မြန်မာညွန့်ဆန်စက်ခေါင်းတိုင် ပြိုကျခြင်း၊ သပြေသာကျေးရွာ ဘုန်းကြီးကျောင်း ပြိုကျခြင်း၊ ထန်းတပင်ကျေးရွာ ရွာလယ်စေတီ ထီးတော်မြေခခြင်းတို့ ဖြစ်ပေါ်ခဲ့သည်။

* ဝက်လက်မြို့တွင် သစ်ဆိပ်ကျေးရွာဘုရား ငှက်ပျောဖူးမှစ၍ ပြိုကျခြင်း၊ ရေလည်မှော် မူလတန်းကျောင်း နံရံပြိုကျခြင်း၊ရေလည်မှော်ကျေးရွာ ဘုရားစိန်ဖူးတော် မြေခခြင်း၊ ရွာသာကြီးကျေးရွာ ဘုရားစိန်ဖူးတော် မြေခခြင်းနှင့် အင်းမဲကြီးကျေးရွာ ဘုရားစိန်ဖူးတော် မြေခခြင်းတို့ ဖြစ်ပေါ်ခဲ့သည်။

* မိုးညှင်းမြို့ ရွှေသာလျောင်း ဘုရားကြီး ဝန်းအတွင်းရှိ ဂန္ဓကုဋီတိုက် မျက်နှာစာ အခန်း(၃)ခန်းရှိ နံရံနှင့် အုတ်တိုင်အချို့ အက်ကွဲခဲ့ကြောင်း။ကန့်ဘလူမြို့နယ်တွင် မလယ်ကျေးရွာတိုက်နယ်ဆေးရုံမှ လူနာဆောင် (၁)လုံး ပြိုကျပျက်စီးခြင်း၊ အထက်တန်းကျောင်းနှင့် မူလတန်းကျောင်း အုတ်နံရံများ ပြိုကျခြင်း၊ စေတီ(၁ဝ)ဆူ ပြိုကျခြင်း၊ ဘုန်းကြီးကျောင်း (၇) ကျောင်းနှင့် အိမ်ခြေ (၂ဝ) ပြိုကျ ပျက်စီးခြင်းတို့ ဖြစ်ပေါ်ခဲ့ကြောင်း။


* သပိတ်ကျင်းမြို့နယ်တွင် အိမ်ခြေ(၁ဝဝ)ခန့်ထိခိုက်ပျက်စီးခြင်း၊ အိမ်(၁) လုံးပြိုကျပြီး လူ(၁) ဦး သေဆုံးကာ (၂၄) ဦး ဒဏ်ရာ ရရှိခြင်း၊ ပြန်ကြားရေနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ရုံးအပေါ်ထပ် အနည်းငယ်ပျက်စီးခြင်း၊ မျက်နှာကျက် ပျက်စီးခြင်း၊ ခြံစည်းရိုး အုတ်တံတိုင်း (၂)ခန်း ပြိုကျခြင်း၊ ဆေးရုံရှေ့ အုတ်တံတိုင်း ပြိုကျခြင်း၊ ဘဏ်အဆောက်အဦ ရှေ့အဆောင်ပြိုကျခြင်း၊ အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာနရုံးအပေါ်ထပ်နှင့် ဘုရားစင် ပြိုကျခြင်း၊ ဆိပ်ကမ်းမူလတန်းကျောင်း အဆောက်အဦနံရံများ ပြိုကျခြင်းနှင့် ထပ်ဆင့်လွှင့်တာဝါတိုင် ယိုင်သွားခြင်းတို့ ဖြစ်ပေါ်ခဲ့ကြောင်း။

* မိုးကုတ်မြို့နယ်တွင် စေတီ(၃)ဆူ ထိခိုက်ပျက်စီးခဲ့ကြောင်း။

* မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်ရှိ စွယ်တော်မြတ် စေတီ (မန္တလေး) စိန်ဖူးတော်သည် အလယ်ပစ္စယံပေါ်သို့ ပြုတ်ကျခဲ့။ မန္တလေး မဟာမုနိ ဘုရားကြီးပရ၀ုဏ်အတွင်းရှိ နာရီစင်ထီးတိုင်တိမ်းစောင်းခြင်းရှင်မာလဲဘုရား ဓမ္မာရုံရှိ အင်္ဂတေပန်းများနှင့် အနောက်ဘက် မျက်နှာစာရှိ ခြင်သေ့ရုပ်တုတစ်ခုပြိုကျခြင်းများဖြစ်ပေါ်ခဲ့သည်။ ငလျှင်လှုပ်ခတ်မှုကြောင့် မြစ်သား-မြင်းခြံလမ်းပိုင်းရှိ ကင်းစိန်ဈေး အရှေ့ရွာ ရွာဦးဘုန်းကြီးကျောင်း၊ စေတီ၁၈ ဆူ ရှိသည့်အနက် ၅ ဆူနှင့် အရံစေတီ ၄ဆူတို့မှာ စိန်ဖူးတော်မြေခခြင်း စေတီတော် ခြောက်ဆူမှာ ဖောင်းရစ်တော် အက်ကွဲခြင်းတို့ဖြစ်ပေါ်ခဲ့ကြောင်း။ မန္တလေးမြို့တွင် သစ်မင်းရာဇာ ကုမ္ပဏီ (၅) ခန်းတွဲ (၂) ထပ်မှ (၂) ထပ် (၁) ခန်း ပြိုကျခြင်း၊ ကံလှဓမ္မာရုံ ပြသာဒ် ပျက်စီးခြင်း၊ ဦးရွှေရိုး ဘုရားကြီး ဇောင်းတန်းအနောက်ဘက် အုတ်နံရံ အက်ကွဲခြင်း၊ ရွှေဘုန်းရှိန်ရပ်မှ (၂)ထပ်တိုက်အိမ် (၁)လုံး အက်ကွဲခြင်း၊ အမှတ်(၇)ရဲစခန်း အနောက်ဘက် အုတ်တံတိုင်း ပေ(၇ဝ) ခန့် ပြိုကျပျက်စီးခဲ့ခြင်း၊ နန်းဦးစေတီ အရှေ့ဘက်မုဒ် ပြသာဒ် အလျား(၈)ပေခန့် ပြိုကျခဲ့ခြင်း၊ အောင်မြေရွှေဘုံဘုရားစိန်ဖူးတော် မြေခခြင်း၊ ရွှေလင်းပင်ဘုရား သံထီးတော်ယိုင်ခြင်း၊ ကျောက်တော်ကြီးဘုရား အရှေ့မုဒ်ဦး တိုင်ကျိုး၍ မျက်နှာကျက် အက်ကွဲခြင်း၊ ရွှေဂူကြီးဘုရား အရန်စေတီငယ် တစ်ဆူ၏ ထီးတော်မြေခခြင်း၊ ရွှေဘုံသာဘုရား စိန်ဖူးတော် မြေခခြင်း၊ ငွေအိုးရဘုရား ပြသာဒ်ပြုတ်ကျခြင်း၊ မကျည်းကိုင်း မူလတန်းကျောင်း အုတ်နံရံ အက်ကွဲခြင်းတို့ ဖြစ်ပေါ်ခဲ့ကြောင်း။ အောင်မြေသာစံမြို့နယ်၊ ဒေါနဘွားရပ်ကွက်ရှိ စန္ဒာမုနိဘုရားမှ စိန်ဖူးတော်မြေခခဲ့ကြောင်း သိရသည်။

* ကျောက်ဆည်မြို့နယ်၊ ဘနွဲ့ရွာ ဝေဇယန္တာကျောင်းရှိ အောင်တော်မူ ဘုရားမှ စိန်ဖူးတော်များမြေခခဲ့။

* တံတားဦး မြို့နယ်တွင် မင်္ဂလာစေတီထီးတော် ကောက်သွားခြင်း၊ ဆေးအိုးဘိုစေတီဖောင်းရစ်မျာ ကွာကျခြင်း၊ စန္ဒာမုနိဘုရား၊ လေးထပ်ကြီးဘုရားနှင့် လောကသရဖူ ဘုရားတို့တွင် ဖောင်းရစ်များကွာကျခြင်း၊

* အမရပူရမြို့ပေါ်ရှိ ပုထိုးတော်ကြီးစေတီ၊ အောင်မြေသာစံမြို့နယ်၊ ဥပုသ်တော်ရပ်ကွက်၊ အမှတ် ၃၈ ရှိ လေးမျက်နှာစေတီနှင့် အမရဌာနနီ အရှေ့ရပ်ကွက်၊ အကွက် ၃၁ ရှိ အရိပ်မထွက်ဘုရားတို့မှ စိန်ဖူးတော်များ မြေခခဲ့ရသည်။
ထို့ပြင် မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်ရှိ စွယ်တော်မြတ် စေတီ(မန္တလေး) စိန်ဖူးတော်သည် အလယ်ပစ္စယံပေါ်သို့ ပြုတ်ကျခဲ့သည်။

* ရွှေဘိုမြို့အမှတ် ၅ ရပ်ကွက် ရွှေပေါ်ကျွန်းဘုရား အနည်းငယ် ပြိုကျပျက်စီးခဲ့ပြီး အနောက်ဈေးရပ်ကွက်ရှိ လောကမာရဇိန် ဘုရားစောင်းတန်း ပျက်စီးမှုလည်း ရှိခဲ့သည်။

* စဥ့်ကူးမြို့နယ်တွင် ရွှေဂူကြီးဘုရား မုခ်ဦးတစ်ခြမ်း ပြိုကျပျက်စီးခဲ့ပြီး ယင်းရှိ အခြေခံ မူလတန်းကျောင်းရှိ ကျောင်းဆောင်တဆောင် ပြိုကျပြီး အုတ်တံတိုင်းပေ ၃၀၀ ခန့် ပြိုကျခဲ့ကြောင်း သိရသည်။

* ရွှေကြက်ယက်တောင်ဘုရား တံခွန်တိုင်နှင့်မုခ်ဦး၊ တောရကျောင်းတိုက်ရှိ အုတ်တံတိုင်း ၅ ခန်း၊ ပရိယတ္တိ သတ္တမ ၀ံသနန္ဒာကျောင်းတိုက်ရှိ အုတ်တံတိုင်းပေ ၆၀၀ ခန့်၊ ရွှေယက်တောင်ဘုရားရှိ တံခွန်တိုင်နှင့် မုခ်ဦးလည်း ပြိုကျခဲ့သေးသည်။ အမှတ်၂ ရပ်ကွက်ရှိ နေအိမ်တစ်လုံး ပြိုကျပြီး လူ ၃ ဦး ဒဏ်ရာရခဲ့သေးကြောင်း သိရသည်။

* စဥ့်ကူး ဒေသခံများ၏ ပြောဆိုချက်များအရ စဥ့်ကူးတွင် ဘုန်းကြီးကျောင်းများနှင့် စာသင်ကျောင်းများ အက်ကွဲ ပျက်စီးခဲ့ကြောင်း သိရသည်။ ကျည်တောက်ပေါက် စားသောက်ဆိုင် ပြိုကျရာ လူ ၂ ဦးသေဆုံးပြီး နွယ်ရုံကျေးရွာတွင်လည်း တံတိုင်းတခု ပြိုရာတွင် (၁)ဦး သေဆုံးကြောင်း သိရသည်။

* ရွှေဘိုမြို့နှင့် ၁၇ မိုင်အကွာရှိ ဆောက်လုပ်ဆဲ “ရတနာသိင်္ခတံတား” ပြိုကျပျက်စီးမှု ဖြစ်ပွားပြီး ဆောက်လုပ်ရေးလုပ်သား နှစ်ဦး သေဆုံးကာ ငါးဦး ပျောက်ဆုံးနေကြောင်း။  အဆိုပါ ဆောက်လုပ်ရေးလုပ်ငန်းခွင်မှ စုံစမ်းသိရှိရသည်။ တံတားပြိုကျမှုကြောင့် ဆောက်လုပ်ရေး လုပ်သား (၁၅)ဦး ဧရာဝတီမြစ်ထဲ မျောပါသွားကြောင်းသိရသည်။




**ငလျင်ဒဏ်ကြောင့်**

“မြေငလျှင်အင်အားပြင်းထန်မှုကြောင့် ရွှေဘို၊ ခင်ဦး၊ ရေဦး၊ တန့်ဆည်၊ ဇီးကုန်း၊ ကန့်ဘလူ၊ မုံရွာ၊ စစ်ကိုင်း၊ မန္တလေး၊ မိုးကုတ်ရှိ နေအိမ်များပြိုကျ အက်ကွဲခဲ့ရပြီး စေတီပုထိုး အပြိုအပျက်များလည်းရှိကြောင်း” သိရသည်။

* မိုးကုတ်မြို့တွင်လည်း ဘုရားစေတီပုထိုးများ ပြိုကျပျက်စီးခဲ့ပြီး ဌာပနာများ ပေါက်ထွက်ခဲ့ကြောင်း သိရသည်။ မူလတန်းကျောင်းဆောင် တစ်လုံး ပြိုကျ၊ ရှေးဟောင်းစေတီ (၁၀)ဆူ ပြိုကျ၊ ဘုန်းကြီးကျောင်းဆောင်(၇)လုံး ပြိုကျ၊ အုတ်တံတိုင်း အမြောက်အမြား ပြိုကျ၊ ဓမ္မာရုံ (၂) လုံးပြိုကျ၊ လူနေတိုက်အိမ် (၂၀)လုံး ပြိုကျ၊ မလည်တိုက်နယ် ရဲစခန်းအုတ်တံတိုင်းပြို။ရေရှင်ကျေးရွာအတွင်း ဘုန်းကြီးကျောင်း စေတီ(၁)ဆူ ပြိုကျ။ သပြေသာရွာအတွင်း ရှေးဟောင်း ဘုန်းကြီးကျောင်း ဆောင်ပြိုကျပျက်စီး။ ထန်းတပင်ရွာ အတွင်း ရွာလည်ဘုရားစေတီ ထီးတော်မြေခ။ပရိယတ္တိသတ္တမ၀ံသနန္ဒာကျောင်းတိုက်ရှိ အုတ်တံတိုင်းပေ ၆၀၀ ခန့်ပြိုကျ။


ဒုတိယသမ္မတနှင့် ကာကွယ်ရေးဝန်ကြီးဌာနမှ ဒုတိယဗိုလ်ချုပ်ကြိး မြင့်စိုး၊ အဖွဲ့ဝင်တို့သည် ရဟတ်ယာဉ်ဖြင့် သပိတ်ကျင်းမြို့သို့ ညနေ (၅)နာရီ (၁၀)မိနစ်တွင် ရောက်ရှိခဲ့ပြီး မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက ကြိုဆိုကြသည်။




ဒုတိယသမ္မတနှင့် အဖွဲ့ဝင်များသည် ရွှေဘိုမြို့၏ မြောက်ဘက် (၄၅)မိုင်ခန့်နှင့် သပိတ်ကျင်းမြို့အနောက်တောင်ဘက် (၁၂)မိုင်ခန့်နေရာတို့ကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး(၆.၈)နှင့် (၅.၀)အဆင့်ရှိ ငလျင် (၃)ကြိမ် လှုပ်ခတ်ခဲ့မှုကြောင့် ထိခိုက်ပျက်ဆီးခဲ့သည့် ဌာနဆိုင်ရာအဆိုက်အဦးများနှင့် လူနေအိမ်များပျက်ဆီးမှုတွင် ကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်နေမှု အခြေအနေကိုလည်းကောင်း၊ ငလျင်ဒဏ်ကြောင့် ထိခိုက်ဒဏ်ရာရသည့် ဒေသခံပြည်သူများအား ဆေးဝါးကုသမှု အခြေအနေများကို လည်းကောင်း လှည့်လှည်ကြည့်ရှုစစ်ဆေးပြီး ဆေးဝါးများ စားသောက်ဖွယ်ရာများနှင့် ထောက်ပံ့ငွေများပေးအပ်ပြီး အားပေးစကား ပြောကြားခဲ့သည်။





 ငလျင်ဒဏ်ကြောင့် ပျက်စီးပြိုကျသွားသော ရတနာသိင်္ခတံတား စီမံကိန်းသို့ နိုင်ငံတော်ဒုတိယသမ္မတ လာရောက်နေစဉ် ငလျင်ထပ်မံလှုပ်ခတ်သဖြင့် ယင်းစီမံကိန်းသို့ မလာတော့ဘဲ လှည့်ပြန်သွားခဲ့ကြောင်း


ထို့နောက် ငလျင်ဒဏ်ကြောင့် ရွှေဘိုမြို့နှင့် ၁၇ မိုင်အကွာရှိ  ဆောက်လုပ်ဆဲ “ရတနာသိင်္ခတံတား” စီမံကိန်းမှ ပြိုကျပျက်စီးသွားသောတံတားစီမံကိန်းသို့ ရောက်ရှိနေစဉ် ငလျင်ထပ်မံလှုပ်ခတ်မှုကြောင့် ယင်းစီမံကိန်းသို့ မလာတော့ဘဲ လှည့်ပြန်သွားခဲ့ကြောင်း သတင်းရရှိသည်။





“စစ်ကိုင်းတိုင်း ဒေသကြီးတွင် ယနေ့ (နိုဝင်ဘာ ၁၁ ရက်နေ့) နံနက်ပိုင်းက လှုပ်ခတ်ခဲ့သော အင်အားပြင်း ငလျင်ဒဏ်ကြောင့် စဥ့်ကူးမြို့နယ် ကန်တောင်ကျေးရွာအနီးရှိ ရွှေတွင်းတစ်ခု ပြိုကျပြီး ရွှေလုပ်သား ၁၁ ဦး ပိတ်မိနေကြောင်း ရွှေလုပ်ငန်းရှင်တစ်ဦးက ဆက်သွယ် ပြောကြားသည်။”

ငလျင်လှုပ်တော့ အလုပ်သမားတွေ မေ့မျောကုန်တယ်။ ပြီးတော့ ပြိုကျလာတော့ အကုန်ပိတ်မိသွားတယ်။ ယနေ့ညနေ ၅ နာရီ ၂၅မိနစ်တွင် မန္တလေး၌ ငလျင်ထပ်မံလှုပ်ခတ်သွားကြောင်း မန္တလေးမြို့ခံတဦးက ပြောပါတယ်။သပိတ်ကျင်းမြို့နယ်မှာ အသေအပျောက်များတယ်လို့ ဖုန်းသတင်း ရရှိပါတယ်။ ရတနာသီဟ ကားတစ်စင်းဆိုရင် ငလျင်ကြောမိပြီး မှောက်သွားတာ လူ (၆)ယောက် သေသွားတယ်လို့ ပြောပါတယ်။ သပိတ်ကျင်းအချုပ်ခန်းထဲက လူတွေလည်း မြေပြိုတယ်လို့ ပြောပါတယ်။


ရွှေဘို - ကျောက်မြောင်းလမ်းခွဲ ကားလမ်းတစ်နေရာ။

ရွှေဘိုခရိုင် ကျောက်မြောင်း မြို့နယ်ခွဲဒေသ အနီးတစ်ဝိုက် နွယ်ငြိမ်းကျေးရွာ၊ မလားကျေးရွာ၊ မခေါက်ကျေးရွာတို့တွင် နိုဝင်ဘာလ(၁၁)ရက်ကငလျှင်ဒဏ်ကြောင့် လူတွေ မတ်တပ်မရပ်နိုင်ပဲ ထိုင်နေကြရတယ်။ မီးလည်း ပျက်သွားတယ်လို့ ငါးဇွန်မြို့ခံက ပြောပါတယ်။

ယခုအချိန်ထိ စုံစမ်းသိရှိရသလောက် မန္တလေးနဲ့ ပြင်ဦးလွင်မြို့များအပါအ၀င် အထက်မြန်မာပြည်ရှိ မြို့ အတော်များများမှာ ငလျှင်လှုပ်ခတ်မှုဒဏ်ကို ခံစားခဲ့ရကြောင်း သိရပါတယ်။ယင်းမြေငလျှင်မှာ မန္တလေးမြေငလျှင်စခန်းမှ မြောက်ဘက် ၈၂ မိုင်ခန့်အကွာ မြန်မာနိုင်ငံပြည်တွင်း ရွှေဘိုမြို့မြောက်ဘက် ၄၅ မိုင်ခန့်အကွာ ဗဟိုပြုပြီး အင်အားပြင်းထန် အဆင့် ၆.၈ ရစ်စကေးလှုပ်ခတ်သွားပြီး ယင်းငလျှင်သည် စစ်ကိုင်းပြတ်ရွှေ့ကြောပေါ်တွင် လှုပ်ခတ်သွားခြင်းဖြစ်ကြောင်း နေပြည်တော် မိုးလေ၀သနှင့်ဇလဗေဒ ဦးစီးဌာနက ပြောကြားခဲ့သည်။

ငလျှင်ကြောင့် ကျောက်မြောင်းနှင့် စဥ့်ကူးဆက်နွယ်သော ရတနာသိင်္ခ ဧရာဝတီမြစ်ကူးတံတား တိုင်အမှတ် MP 2 နှင့် MP3 ဆောက်လက်စ ငြမ်းများပြိုကျပြီး လုပ်သား၂ ဦး (အရပ်သားတဦး၊ ဝန်ထမ်းတဦး) သေဆုံးပြီး ၁၆ဦး ဒဏ်ရာရကာ ၅ဦး ပျောက်ဆုံးလျှက် ရှိကြောင်း။ ဆောက်လုပ်ရေးလုပ်ငန်းခွင်တွင် သယ်ယူပို့ဆောင်ရေး လုပ်ဆောင်နေသော သဘောင်္နှစ်စင်းလည်း ရေထဲသို့ မြှပ်သွားကြောင်း သိရသည်။ ယင်းသဘောင်္ကို ပြန်လည်ဆည်ယူရန် ကြိုးပမ်းနေကြောင်းသိရသည်။

မန္တလေးမြို့၌လည်း မန်းမြန်မာပလာဇာတွင် အက်ကွဲပျက်စီးမှုများရှိပြီး လျှောက်လမ်းခင်းကြွေပြားများအက်ကွဲခဲ့သည်။ ၂၅ လမ်း၊ ၃၅ လမ်းထောင့်ရှိ တိုက်တခြမ်း ပြိုကျခဲ့သော်လည်း လူအထိအခိုက် မရှိကြောင်းသိရသည်။

သို့သော်လည်း ၂၃ လမ်းဘက်ရှိ နေအိမ်တွင် လေဖြတ်ဝေဒနာခံစားပြီး အိပ်ယာထဲ လှဲနေသော အသက် ၆၀ ၀န်းကျင်ရှိ အမျိုးသမီးတဦးမှာ သွေးလန့်သေဆုံးသွားကြောင်း သိရသည်။ နောက်ဆုံးရရှိသော သတင်းများအရ ဆေးရုံသို့ ရောက်ရှိသောအရေအတွက်ကို အခြေခံပြီး သေဆုံးသူ ၁၃ ဦး၊ ထိခိုက်ဒဏ်ရာရသူ ၄၀ ဦး ရှိကြောင်း သိရှိရပါသည်။
ယနေ့ ည၁၂ နာရီတွင် ငလျင်လုပ်မည်ဟု သတင်းထပ်မံရရှိထားကြောင်း မြို့ခံတစ်ဦးက ဖုန်းဖြင့်ပြောကြားပါသည်။

No comments:

Post a Comment