Tuesday, October 22, 2013

ပုဂံမတိုင်မီ မြန်မာအစနှင့် သမိုင်းထင်ရှား မင်းမြတ်ကိုးပါး (အပိုင်း - ၄)


  • သမိုင်းပညာရှင်ဒေါက်တာသန်းထွန်း၏ သမိုင်းဆိုင်ရာ အတွေးအမြင်အယူ

 

        အခုရေးရမှာကတော့ ပုဂံမှာစိုးစံသွားတဲ့ မင်းတွေနဲ့ပတ်သက်ပြီး လွယ်လွန်သွားရှာပြီဖြစ်တဲ့ သမိုင်းပညာရှင် ဆရာဒေါက်တာသန်းထွန်းရဲ့ တွေးပုံ၊ မြင်ပုံနဲ့ သုတေသနပြုလေ့လာပုံ၊ ယုတ္တဗေဒကျမှ လက်ခံယုံကြည်ပုံတွေပါ။ 

Tuesday, October 15, 2013

ပုဂံမတိုင်မီ မြန်မာအစနှင့် သမိုင်းထင်ရှား မင်းမြတ်ကိုးပါး (အပိုင်း - ၃)


  • ပုဂံသည်မြန်မာ မြန်မာသည်ပုဂံ

        စာရေးသူတို့နိုင်ငံရဲ့ သမိုင်းနဲ့ပတ်သက်လို့ လေ့လာတွေ့ရှိချက်ကို ရေးရမယ်ဆိုရင် ပုဂံမတိုင်မီမှာ ရှိခဲ့တာက ပျူနိုင်ငံသရေခေတ္တရာဖြစ်ပါတယ်။ ပျူမင်းတွေစိုးစံခဲ့တဲ့ အဲဒီသရေခေတ္တရာခေတ်တုန်းက မြန်မာဆိုတဲ့ နာမည်လည်း မရှိသေးသလို၊ မြန်မာစာပေလည်း မပေါ်သေးပါ။

Sunday, October 13, 2013

ပုဂံမတိုင်မီ မြန်မာအစနှင့် သမိုင်းထင်ရှား မင်းမြတ်ကိုးပါး (အပိုင်း - ၂)


  • ပုဂံမတိုင်မီ မြန်မာအစနှင့် ပျူနိုင်ငံမတိုင်မီ ပရိုင်းမိတ်လူ

        မြန်မာလို့သိကြတဲ့လူမျိုးတစ်မျိုး စပြီးဖြစ်ပေါ်လာရပုံကို အချိန်ရရင်ရသလို လေ့လာနေမိပါတယ်။ ဒါကို သေချာလေ့လာဖို့ လိုတယ်လို့လည်း ထင်ပါတယ်။
        မြန်မာတွေပြောနေကြတာတော့ ကြပါပြီ။ 'မြန်မာအစ တကောင်းက' တို့၊ 'မြန်မာအစ ကျောက်ဆည်က' တို့။ တချို့ကလည်း ပျူနိုင်ငံတစ်နိုင်ငံဖြစ်တဲ့ သရေခေတ္တရာကတို့ အမျိုးမျိုးပါပဲ၊ ပြောဆိုနေခဲ့ကြတာ။

Wednesday, October 9, 2013

ပုဂံမတိုင်မီ မြန်မာအစနှင့် သမိုင်းထင်ရှား မင်းမြတ်ကိုးပါး (အပိုင်း - ၁)

မာတိကာ

  1. ရေးသားပြုစုသူ၏အမှာ
  2. ပုဂံမတိုင်မီ မြန်မာအစနှင့် ပျူနိုင်ငံမတိုင်မီ ပရိုင်းမိတ်လူ
  3. ပုဂံသည် မြန်မာ၊ မြန်မာသည် ပုဂံ
  4. သမိုင်းပညာရှင် ဒေါက်တာသန်းထွန်း၏ သမိုင်းဆိုင်ရာ အတွေးအမြင်အယူ
  5. မင်းမြတ်အနော်ရထာ
  6. မင်းမြတ်ကျန်စစ်သား
  7. မင်းမြတ်အလောင်းစည်သူ
  8. မင်းမြတ်တပင်ရွှေထီး
  9. မင်းမြတ်ဘုရင့်နောင်
  10. မင်းမြတ်အလောင်းဘုရား
  11. မင်းမြတ်ဆင်ဖြူရှင်
  12. မင်းမြတ်ဘိုးတော်ဘုရား
  13. မင်းမြတ်မင်းတုန်းမင်း

Monday, October 7, 2013

တပင်ရွှေထီး ဘုရင့်နောင်နှင့် ဒုတိယမြန်မာနိုင်ငံတော် (အပိုင်း - ၂၉)


  • တောင်ငူကိုချီ၍ သိမ်းယူတော်မူခြင်း

       
         ဘုရင့်နောင်သည် နှစ်လခန့်ရှိလျှင် ညီတော်သီရိဇေယျကျော်ထင်၊ ညီတော်လတ် နန္ဒယော်ဓာနှင့် မှူးမတ်အပေါင်းတို့ကို ခေါ်တော်မူ၍ ဟံသာဝတီကိုချီ၍ လုပ်ကြံတော်မှုလျှင် သင့်မည်လော သို့မဟုတ် တောင်ငူကိုချီတော်မူ၍ လုပ်ကြံလျှင် သင့်မည်လောဟု အရေးအရာကို တိုင်ပင်တော်မူရာ အချို့သောမှူးမတ်များက ဟံသာဝတီသို့ အလျင်ချီ၍လုပ်ကြံတော်မူမှသင့်မည်ဟု လျှောက်ကြသည်။

Sunday, October 6, 2013

တပင်ရွှေထီး ဘုရင့်နောင်နှင့် ဒုတိယမြန်မာနိုင်ငံတော် (အပိုင်း - ၂၈)

  • ဘုရင့်နောင် နိုင်ငံတော်ရှေ့ရေးကိုမြော်တွေးခြင်း

       
        စစ်တောင်းစားသမိန်စောထွတ်သည် တပင်ရွှေထီးကိုလုပ်ကြံပြီးလျှင် တပင်ရွှေထီး၏အပါးတော်တွင် ရှိသော မြန်မာမှူးမတ်တို့ကို ဖမ်းဆီး၍သတ်ဖြတ်လေသည်။ လွတ်မြောက်သွားသူများမှာ အချို့ကား ဟံသာဝတီ၊ အချို့ကား တောင်ငူ၊ မုတ္တမတို့သို့ ပြေးကြရသည်။

Saturday, October 5, 2013

တပင်ရွှေထီး ဘုရင့်နောင်နှင့် ဒုတိယမြန်မာနိုင်ငံတော် (အပိုင်း - ၂၇)


  • တပင်ရွှေထီး နတ်ရွာစံတော်မူခြင်း

     
    တပင်ရွှေထီးရုပ်တု

       ဟံသာဝတီတွင် ဘုရင့်နောင်မရှိခြင်းမှာ နန်းစည်းစိမ်ကို ရရန်ကြံနေသူ မသူတော်တို့အတွက် အခွင့်ကောင်းတစ်ရပ်ပင်ဖြစ်လာသည်။ တပင်ရွှေထီးအပါးတွင် အစောင့်အကြပ်အဖြစ် ဘုရင့်နောင်ထားခဲ့သည့် ညီတော်သီဟသူ၊ မုတ္တမစားစောလကွန်းအိမ်နှင့် သမိန်စောထွတ်ဆိုသည့် ပုဂ္ဂိုလ်သုံးဦးအနက် သမိန်စောထွတ်ကား လွန်စွာကြောက်စရာကောင်းသည့်ပုဂ္ဂိုလ်ပင်ဖြစ်သည်။ 

Saturday, September 28, 2013

ဦးသန့်ကို ရှာဖွေခြင်း

  September 27, 2013 at 7:51am


  


၁။ 
ယခု ကျွန်တော် အလိုချင်ဆုံးတစ်ခုက ဓါတ်ပုံတစ်ပုံပါ။
ကျွန်တော် ထိုဓါတ်ပုံ လိုချင်တဲ့စိတ်က ကြာသေးတာတော့မဟုတ်။

ယောင်္ကျားလေးများ သိထားသင့်တဲ့ ယောင်္ကျားပြီးခြင်း (ONLY +18)

Post lu bo by drmyochit 




Q: ဆရာခင်မျာ။ ကျွန်တော့် အသက်က ၃ဝ နှစ်ဝန်းကျင်ပါ။ ကျွန်တော် မေးချင်တာက လိင်မှုဆက်ဆံရေးနဲ့ ဆိုင်ပါတယ်။ ကျွန်တော့် ရည်းစားနဲ့ လိင်ဆက်ဆံမှု ပြုတဲ့အခါတိုင်း

Friday, September 27, 2013

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် ခွင့်ပြုချက်ဖြင့် ဘိလပ်မြေစက်ရုံ ၉ ရုံ တည်ဆောက်နေပြီး တစ်နှစ်လျှင် ဘိလပ်မြေ တန်ချိန် ၁၀ သန်းကျော်အထိ ထုတ်လုပ်နိုင်မည်

Eleven Created on Friday, 27 September 2013 00:44
 
မက်စ်မြန်မာ အုပ်စု၏ ဘိလပ်မြေ စက်ရုံကို တွေ့ရစဉ် (ဓာတ်ပုံ-မက်စ်မြန်မာ)


မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်၏ ခွင့်ပြုချက်ဖြင့် အသစ်တည်ဆောက်နေသည့် ဘိလပ်မြေစက်ရုံ ၉ ရုံအထိ ရှိနေပြီး အဆိုပါ ဘိလပ်မြေ စက်ရုံများ တည်ဆောက်ပြီးစီးပါက တစ်နှစ်လျှင် ဘိလပ်မြေ တန်ချိန် ၁၀ ဒသမ ၅၃ သန်းအထိ တိုးမြှင့်ထုတ်လုပ် နိုင်မည်ဖြစ်ကြောင်း စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မြင့်က ပြောကြားသည်။

နိုင်ငံတကာ အသိုင်းအ၀ိုင်း အနေဖြင့် မြန်မာနိုင်ငံအား ထောက်ပံ့ကူညီမှုများ ပိုမိုပေးအပ်ရန် အမေရိကန်သမ္မတ အိုဘားမား လိုလားဟုဆို


အမေရိကန်သမ္မတ အိုဘားမား ကြီးမှူးကျင်းပသည့် 'Save The Date' ဟု အမည်ပေးထားသည့် ပဋိပက္ခ ဖြစ်ပွားနေသော နိုင်ငံ ၂၀ တွင် အခြေစိုက် လုပ်ကိုင်နေသည့် အရပ်ဘက် လူ့အဖွဲ့အစည်းများ တွေ့ဆုံသည့် ဆွေးနွေးပွဲအတွင်း သမ္မတ အိုဘားမားက နိုင်ငံတကာ အသိုင်းအ၀ိုင်း အနေဖြင့် မြန်မာနိုင်ငံအား ပိုမိုထောက်ပံ့ပေးရန် လိုလားကြောင်း ပြောကြားခဲ့ပြီး

အမျိုးသမီးတွေ ဆန္ဒပြီးပြည့်တယ် ဆိုတာ

Myanmar Forward by drmyochit




ကျွန်မတို့လို မိန်းကလေးတွေနဲ့ပတ်သက်ပြီး သိထားသင့်တယ်ထင်လို့ တင်ပေးလိုက်ရခြင်း ဖြစ်ပါတယ်ရှင်.....

ရေ (လုံးဝ) မသောက်သင့်ဆုံးအချိန်


by အခမဲ့ ကြော်ငြာ Health Knowledge of the Day



“ထမင်းအသက် (၇)ရက်၊ ရေအသက် (၁)မနက်” ဆိုတဲ့ ရှေးစကား ရှိပါတယ်။ လူသားတွေအတွက် ရေက ဘာ့ကြောင့် မရှိမဖြစ်လိုအပ်ပါသလဲ ?

Tuesday, September 17, 2013

အမျိုးသားများ တစ်ကိုယ်ရည် အာသာဖြေဖျောက်ခြင်း၏ အကျိုး





        တစ်ကိုယ်ရည် အာသာဖြေခြင်းကို အရွယ်ရောက်ပြီး အမျိုးသားတိုင်းနီးပါး သိကြပြီး အများစုက ပြုလုပ်ကြလေ့ ရှိကြပါတယ်။ ဒီကိစ္စဟာ ဘယ်လိုဆိုးကျိုး ကောင်းကျိုးတွေ ရှိသလဲဆိုတာ ဂဃနဏ သိတဲ့သူ တော်တော်နည်းပါတယ်။ 

Monday, September 16, 2013

တပင်ရွှေထီး ဘုရင့်နောင်နှင့် ဒုတိယမြန်မာနိုင်ငံတော် (အပိုင်း - ၂၆)


  • သမိန်ထောရာမ ပုန်ကန်ခြင်း

    တောင်ငူကောင်းမှုတော်ဘုရားမှဘုရင့်နောင်အောင်မြေ

         ဟံသာဝတီတွင် တပင်ရွှေထီး အမူအကျင့်တော်ပျက်ယွင်းသဖြင့် ဘုရင့်နောင်က နိုင်ငံတော်ကို ထိန်းမတ်နေရချိန်တွင် မွန်တို့ထဲမှ ဟံသာဝတီကို ပုန်ကန်ထကြွမည့်သူတစ်ဦး ပေါ်ပေါက်လာသည်။ ထိုသူမှာ သမိန်ထောရာမ ဆိုသူဖြစ်သည်။

Wednesday, September 11, 2013

တပင်ရွှေထီး ဘုရင့်နောင်နှင့် ဒုတိယမြန်မာနိုင်ငံတော် (အပိုင်း - ၂၅)

  • မင်းရဲသီဟသူ နတ်ရွာစံခြင်း

        သက္ကရာဇ် (၉၁၀)ပြည့်နှစ်တွင် ဘုရင်နောင်၏ခမည်းတော်တောင်ငူဘုရင်ခံ မင်းရဲသီဟသူ နတ်ရွာစံတော်မူသည်။ မင်းရဲသီဟသူ နတ်ရွာစံကြောင်းကို ဘုရင်တပင်ရွှေထီး ကြားသိတော်မူရလျှင် အလွန်ဝမ်းနည်းကြေကွဲခြင်း ဖြစ်တော်မူသည်။ 

Tuesday, September 10, 2013

အမျိုးသမီးများ ဆန္ဒဖြေဖျောက်ခြင်း၏ အကျိုး

  • အသက် ၁၈ နှစ်ပြည့်မှ ဖတ်ပါ



        ဆရာရှင့် ကျမ အခု ရောဂါတခု ခံစားနေရလို့ စိတ်ပူလို့ ဆရာ့ကို မေးတာပါ၊ ရင်ဖွင့်တာပါရှင့်။ ကျမအသက်က ၃၂ နှစ် ရှိပါပြီ။ အပျိုပါရှင့်။ ကျမ အရမ်းချစ်တဲ့ ချစ်သူတယောက် ရှိပါတယ်။ ပြောချင်တာက ကျမ တခါမှယောက်ျားနဲ့ အတူတူမနေဘူးပါဘူး။ ချစ်သူရှိတယ်ဆိုတာကလည်း သူက အဝေးမှာပါရှင့်။ ကျမမှာ မကောင်းတဲ့အချက် တခုရှိပါတယ်။ ကျမ လိင်ဆက်ဆံချင်တဲ့စိတ် ခဏခဏဖြစ်ပါတယ်။

Sunday, September 8, 2013

တပင်ရွှေထီး ဘုရင့်နောင်နှင့် ဒုတိယမြန်မာနိုင်ငံတော် (အပိုင်း - ၂၄)


 
  •  ပေါ်တူဂီတစ်ဦးကို မြှောက်စားမိသဖြင့် တပင်ရွှေထီး အကျင့်တော် ပျက်ရခြင်း


ရွှေဆံတော်ဘုရားမှ မင်းကြီးညိုနှင့်တပင်ရွှေထီးရုပ်တု
        

        ယိုးဒယားကို ကိုယ်တော်တိုင်ချီတော်မူ၍ အလိုတော်အတိုင်း အောင်မြင်တော်မူသဖြင့် ဘုရင်တပင်ရွှေထီး၏ အမည်သတင်း ဂုဏ်ရှိန်တော်မှာ ပို၍ပင်ထင်ရှားကျော်စော၍လာခဲ့သည်။
        သို့သော် ပုဂံပျက်ပြီးနောက် အစိပ်စိပ်အမြွာမြွာဖြင့် ပြိုကွဲသွားသောနိုင်ငံတော်ကို ဒုတိယမြန်မာနိုင်ငံတော်ကြီးအဖြစ် စတင်တည်ထောင်တော်မူခဲ့သော သူရဲကောင်းအာဇာနည် မင်းကောင်းမင်းမြတ်မှာ ပျက်ချိန်တန်လာ၍ဟုပင် ဆိုရတော့မည်။ မပေါင်းဖော်အပ်သော မတူမျိုးခြား ပေါ်တူဂီတစ်ယောက်ကို ပေါင်းတော်မူမိသဖြင့် မြတ်သောမင်း၏တရားမှ ရွေ့လျော ရလေသည်။

Saturday, September 7, 2013

Wednesday, August 21, 2013

တပင်ရွှေထီး ဘုရင့်နောင်နှင့် ဒုတိယမြန်မာနိုင်ငံတော် (အပိုင်း - ၂၃)

  • မြန်မာတို့၏စွမ်းရည်ကိုပြသလိုက်သည့် မြန်မာနှင့်ယိုးဒယားတို့၏ ပြင်းထန်သောတိုက်ပွဲ

မြန်မာနှင့်ယိုးဒယားတို့၏တိုက်ပွဲ


        မြန်မာဘုရင်တပင်ရွှေထီးက တပ်ကိုနှုတ်၍ ကမန်ပိုက်သို့ ချီတော်မူသည်ကို ယိုးဒယားဘုရင်က အားလျော့၍ပြန်ပြီဟုထင်သည်။ ထို့ကြောင့်စစ်သုံးကြောင်းခွဲကာ အလုံးအရင်းဖြင့် တိုက်ရန် နောက်မှလိုက်သည်။ 
        စစ်ကြောင်းသုံးကြောင်းမှာ ယိုးဒယားဘုရင်၏ညီတော် သြယာပိသလောက်နှင့် အောက်ဗျစက္ကိတို့က စစ်တစ်ကြောင်း၊ ယိုးဒယားဘုရင်၏သမက် သြယားလကွန်းအိမ်နှင့် သြယားရံတို့က စစ်တစ်ကြောင်း၊ ယိုးဒယားဘုရင်ကိုယ်တော်တိုင်က စစ်ကြောင်းတစ်ကြောင်းဖြစ်၏။
        ယိုးဒယားတပ်များ နောက်မှတိုက်ရန်လိုက်လာကြောင်း ဘုရင်တပင်ရွှေထီး သိတော်မူလေလျှင် ကမန်ပိုက်သို့ ဆက်၍ ချီတော်မမူတော့ဘဲ ကြားရာအရပ်တွင်ပင် စစ်စခန်းချ၍ ရပ်သည်။ တပ်ချပြီးလျှင် စစ်ကြောင်းသုံးကြောင်းကို စီရင်တော်မူသည်။ 
        "ဘုရင့်နောင်က တပ်ပေါင်း(၅)တပ်၊ တိုက်ဆင်(၁၀၀)၊ စစ်မြင်း(၁၀၀၀)၊ စစ်သည်(၅၀၀၀၀)နှင့် အလယ်ကြောင်းချီစေ။ မွန်အမတ်စောလကွန်းအိမ်က တပ်ပေါင်း(၅)တပ်၊ တိုက်ဆင်(၁၀၀)၊ စစ်မြင်း(၁၀၀၀)၊ စစ်သည်(၅၀၀၀၀)နှင့် လက်ဝဲကြောင်းချီစေ။ မွန်အမတ်ရဲသင်ရံက တပ်ပေါင်း(၅)တပ်၊ တိုက်ဆင်(၁၀၀)၊ စစ်မြင်း(၁၀၀၀)၊ စစ်သည်(၅၀၀၀၀)ဖြင့် လက်ယာကြောင်းချီတက်စေ" ဟု အမိန့်တော်ချသည်။

Monday, August 19, 2013

တပင်ရွှေထီး ဘုရင့်နောင်နှင့် ဒုတိယမြန်မာနိုင်ငံတော် (အပိုင်း - ၂၂)

  • တပင်ရွှေထီးလက်ထက် ယိုးဒယားမြန်မာစစ်ပွဲ

         
မြန်မာနှင့်ယိုးဒယားတို့၏တိုက်ပွဲ

        တနေ့တွင် တပင်ရွှေထီးသည် မှူးမတ်သေနာပတိအပေါင်းတို့ကို ခေါ်ယူတော်မူပြီးလျှင် ယိုးဒယားကို ချီတက်တိုက်ခိုက်ရန်အတွက် တိုင်ပင်တော်မူသည်။
        တပင်ရွှေထီးက ...
        "ယိုဒယားဘုရင် ဗြသာဓိရာဇာသည် ငါ၏နိုင်ငံတော်အစွန်အဖျားကို စတင်၍ထိပါးလာပြီ။ ငါ၏ဘုန်းတော်ကြောင့်သာလျှင် ယိုးဒယားများကို နိုင်နင်းသည်။ ယခုအတိုင်း ငြိမ်ခံနေပါလျှင် နောင်တစ်ဖန် ထပ်မံ၍ ယိုဒယားများထိပါးလာမည့်အရေးကို မြင်တော်မူမိသည်။ သို့ဖြစ်၍ ယိုးဒယားပြည်ကို ရွှေလက်တော်ရောက် သိမ်းပိုက်မှသင့်မည်မဟုတ်လော" ဟု မိန့်တော်မူရာ မှူးမတ်တို့က
        "သိမ်းပိုက်ရန် သင့်မြတ်လှပါသည်။ ယိုးဒယားပြည်သည် အရှင်စိုးပိုင်တော်မူသော နိုင်ငံတော်နှင့် ရေမြေတစ်စပ်တည်းရှိ၍နေသောကြောင့် ချီတော်မူရန်လည်း ခဲံယဉ်းမည်မဟုတ်ပါ။ တောအထပ်ထပ် တောင်အထပ်ထပ် ပိတ်ဆီးနေပါသော်လည်း အင်ကြီးအားကြီးနှင့် ချီတော်မူပါလျှင် အရေးထားလောက်မည်မဟုတ်ပါ" ဟု လျှောက်တင်ကြသည်။

Saturday, August 17, 2013

တပင်ရွှေထီး ဘုရင့်နောင်နှင့် ဒုတိယမြန်မာနိုင်ငံတော် (အပိုင်း - ၂၁)

  • ယိုးဒယားမှ ကျူးကျော်ထိပါးလာခြင်း

       
        တပင်ရွှေထီး ရခိုင်သို့ ရေကြောင်း၊ ကြည်းကြောင်းဖြင့်ချီစဉ်တွင် ယိုးဒယားဘုရင် ဗြသာဓိရာဇာ (မဟာချက္ကရဖတ်)သည် မြန်မာပိုင် ထားဝယ်နှင့်ရေးတို့ကို ရန်စကျူးကျော်ရန် စီစဉ်သည်။  မကြာမီ သမိန်ကန်ပူရီနှင့် သမိန်တဒေါကအမည်ရှိ စစ်မှူးနှစ်ဦးကို တိုက်ဆင်(၂၀၀)၊ စစ်မြင်း(၁၀၀၀)၊ စစ်သည်(၆၀၀၀၀)ဖြင့် ထားဝယ်ကို လုပ်ကြံရန်စေလွှတ်သည်။ ထားဝယ်မြို့စားသည် ယိုးဒယားတပ်၏ ကြီးမားလှသည့်အင်အားကို မခံနိုင်သဖြင့် ရေးသို့ ဆုတ်ခွာခဲ့ကာတပ်ပေါင်းပြီး ကြံ့ကြံ့ခံသည်။ ထိုအကြောင်းကို မော်လမြိုင်မြို့စား ဗညားဦးက ဟံသာဝတီသို့ သံတော်ဦးတင်လွှာပို့ဆက်သည်။

Monday, August 12, 2013

တပင်ရွှေထီး ဘုရင့်နောင်နှင့် ဒုတိယမြန်မာနိုင်ငံတော် (အပိုင်း - ၂၀)

  • ရခိုင်သို့ ချီတော်မူခြင်း




          သက္ကရာဇ် (၉၀၇) ခုနှစ်တွင် ရခိုင်ပြည်၌ ရခိုင်ဘုရင် မင်းပါကြီး နတ်ရွာစံလေရာ သားတော်မဟာဥပရာဇာက ထီးနန်းကို ဆက်ခံသည်။  ထိုအခါ ရခိုင်ဘုရင်မင်းပါကြီး၏ ညီတော်ဖြစ်သည့် သံတွဲမြို့စား မင်းအောင်လှသည် တူတော်ဘုရင်နှင့် စိတ်မသင့်ဖြစ်ပြီး ရန်စစ်ပွားလေသည်။ 

Thursday, January 17, 2013

တပင်ရွှေထီး ဘုရင့်နောင်နှင့် ဒုတိယမြန်မာနိုင်ငံတော် (အပိုင်း - ၁၉)


  • ရာဇဘိသိက်ပွဲသဘင်ဆင်ယင်ခြင်းနှင့် ဂေါတမယ်အား သိမ်းပိုက်ခြင်း

           သက္ကရာဇ်(၉၀၇)ခုနှစ်တွင် တပင်ရွှေထီးသည် ဟံသာဝတီနေပြည်တော်၌ တပင်တိုင်ပြသာဒ် ဆောက်တော်မူ၍ ကြီးစွာသောရာဇဘိသိက်သဘင်ကို ဆင်ယင်ကျင်းပတော်မူသည်။ ထိုရာဇဘိသိက်ပွဲတွင် သမိန်တပွတ်အမည်ရှိသည့် မကိုဋ်တော်ကြီးကို ဆင်ယင်တော်မူသည်။ ထိုမကိုဋ်မှာ အလွန်အဖိုးထိုက်သော်လည်း မြန်မာဘုရင်တို့ ထီးစဉ်နန်းရိုး သုံးစွဲခဲ့ကြသော မကိုဋ်မျိုးမဟုတ်။ မွန်ဘုရင်တို့ ထီးစဉ်နန်းရိုး သုံးစွဲခဲ့ကြသော မကိုဋ်မျိုးဖြစ်သည်။ ၎င်းဘိသိက်ပွဲသည် မြန်မာ့နည်းနှင့် မွန်တို့၏ နည်းတို့ကို ရောနှော၍ မွန်မြန်မာ စည်းလုံးညီညွှတ်ရေးအတွက် ဆင်ယင်ကျင်းပသော ဘိသိက်ပွဲကြီးဖြစ်လေရာ၊ လွန်စွာပင် စည်ကားလှသည်။ 

Wednesday, January 16, 2013

‘အယူအဆလွဲမှားမှု တစ်ခုကြောင့်’

‘အယူအဆလွဲမှားမှု တစ်ခုကြောင့်’

by Par Gyi on Friday, July 6, 2012 at 4:38am ·



မြန်မာပြည်မှာ ခေတ်နဲ့မကိုက်ညီတဲ့ ဝတ်စားဆင်ယင်မှုတွေကို   Celebrity များထံမှ တစ်နေ့တစ်ခြား ဖော်ချွတ်ပုံဖော် ဝတ်ဆင်မှုများကို တွေ့နေရပါတယ်။ Celebrity ဆိုသည့်အတိုင်း ၎င်းတို့၏ ဖော်ချွတ်ဝတ်ဆင်ပုံများမှာလည်း အတော်ပင်ကြည့်လို့ကောင်းသည်မှာ  အမှန်ဖြစ်နေပါတယ်။

အဲဒီလို ဖော်ချွတ်ထားတဲ့ ဝတ်စားဆင်ယင်ပုံများမှာလည်း ‘ပုရိသပရိတ်သတ်များ’ အကြိုက် ဆွဲဆောင်နိုင်တာကြောင့်လားဆိုတာကို မသိပေမယ့်. .  ဖေလ်ဘုတ် လူမှုကွန်ယက်ပေါ်မှာတော့ တစ်နေ့တစ်ခြား Myanmar Celebrity Facebook Fun Page တွေ ထောင်ပြီး Celebrity ပုံအများစု တင်လာကြသူများမှာတော့ အတော်ပင် ပေါများလာတာကိုလည်း ဖေလ်ဘုတ်သုံးစွဲသူ အများစု တွေ့မြင်ကြမှာ မလွဲပါဘူး။

ဒါပေမယ့် လွဲနေတာတော့ ရှိနေပါတယ်။ ဘာလွဲနေတာလဲဆိုရင်တော့ . .