Monday, November 12, 2012

နိုဝင်ဘာ ၁၁ရက်နေ့ နံနက်က လှုပ်ခတ်ခဲ့သောငလျင်နှင့်ပတ်သက်၍ရရှိသော ပျောက်ဆုံးပျက်ဆီး သတင်း

နိုဝင်ဘာ ၁၁နိုဝင်ဘာ ၁၁ရက်နေ့ နံနက်   ရွှေဘိုမြို့၏ မြောက်ဘက် (၄၅)မိုင်ခန့်နှင့် သပိတ်ကျင်းမြို့ အနောက်တောင်ဘက် (၁၂)မိုင်ခန့်နေရာတို့ကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး(၆.၈)နှင့် (၅.၀)အဆင့်ရှိ ငလျင် (၃)ကြိမ် လှုပ်ခတ်ခဲ့သည့် ငလျင်နှင့်ပတ်သက်၍ ဆက်လက်ရရှိသော သတင်းများအရ . .

၂၀၁၂ ခုနှစ်၊ နိုဝင်ဘာလ ၁၁ ရက်နေ့ မြန်မာစံတော်ချိန် (၁၇) နာရီ၊ (၂၆)မိနစ်၊ (၂၀)စက္ကန့်အချိန်တွင် မန္တလေးမြေငလျင်စခန်းမှ မြောက်-အနောက်မြောက်ဘက် ၅၅ မိုင်ခန့် ကွာဝေးသော မြန်မာနိုင်ငံပြည်တွင်း (ရွှေဘိုမြို့၏ မြောက်ဘက် (၁၅)မိုင်ခန့်အကွာ)ကို ဗဟိုပြု၍ အင်အားရစ်(ခ်ျ)တာစကေး (၅.၈)အဆင့်ရှိ နောက်ဆက်တွဲ အင်အား အသင့်အတင့်ရှိသော မြေငလျင်တစ်ခုလှုပ်ရှားသွားကြောင်း မိုးလေဝသနှင့်ဇလဗေဒမှ သတင်းထုတ်ပြန်ခဲ့။


နေပြည်တော် နိုဝင်ဘာ ၁၁နိုဝင်ဘာ ၁၁ရက်နေ့ နံနက်က လှုပ်ခတ်ခဲ့သောငလျင်နှင့်ပတ်သက်၍ ဆက်လက်ရရှိသော သတင်းများအရ-

* စစ်ကိုင်းမြို့တွင် မင်းကွန်းခေါင်းလောင်းတော်ကြီး အနည်းငယ်နေရာရွှေ့ခြင်း၊ ဝန်ထမ်းအိမ်ရာ(၆) ခန်းတွဲ (၂) ထပ်မှ အခန်း(၃) ခန်း၏ အပေါ်ထပ် နံရံပြိုကျပြီး အပေါ်ထပ် ကြမ်းခင်းကျွံကျခြင်း

Tuesday, November 6, 2012

မျိုးဆက်သစ် နိုင်ငံ့ခေါင်းဆောင်များဆိုသော်လည်း

မျိုးဆက်သစ် နိုင်ငံ့ခေါင်းဆောင်များဆိုသော်လည်း


               ၂ဝ၁၂ ခုနှစ်၊ နိုဝင်ဘာလ သည် အလွန်အရေးပါသောလ တစ်လဟု ဆိုရပါလိမ့်မည်။ ကမ္ဘာပေါ်တွင် တစ်ခုတည်း သော မဟာ အင်အားကြီးနိုင်ငံဖြစ် သည့် အမေရိကန်နိုင်ငံ၏ သမ္မတ ရွေးကောက်ပွဲသည် နိုဝင်ဘာလ ၆ ရက်၌ စတင်မည် ဖြစ်သည်။