Wednesday, August 21, 2013

တပင်ရွှေထီး ဘုရင့်နောင်နှင့် ဒုတိယမြန်မာနိုင်ငံတော် (အပိုင်း - ၂၃)

  • မြန်မာတို့၏စွမ်းရည်ကိုပြသလိုက်သည့် မြန်မာနှင့်ယိုးဒယားတို့၏ ပြင်းထန်သောတိုက်ပွဲ

မြန်မာနှင့်ယိုးဒယားတို့၏တိုက်ပွဲ


        မြန်မာဘုရင်တပင်ရွှေထီးက တပ်ကိုနှုတ်၍ ကမန်ပိုက်သို့ ချီတော်မူသည်ကို ယိုးဒယားဘုရင်က အားလျော့၍ပြန်ပြီဟုထင်သည်။ ထို့ကြောင့်စစ်သုံးကြောင်းခွဲကာ အလုံးအရင်းဖြင့် တိုက်ရန် နောက်မှလိုက်သည်။ 
        စစ်ကြောင်းသုံးကြောင်းမှာ ယိုးဒယားဘုရင်၏ညီတော် သြယာပိသလောက်နှင့် အောက်ဗျစက္ကိတို့က စစ်တစ်ကြောင်း၊ ယိုးဒယားဘုရင်၏သမက် သြယားလကွန်းအိမ်နှင့် သြယားရံတို့က စစ်တစ်ကြောင်း၊ ယိုးဒယားဘုရင်ကိုယ်တော်တိုင်က စစ်ကြောင်းတစ်ကြောင်းဖြစ်၏။
        ယိုးဒယားတပ်များ နောက်မှတိုက်ရန်လိုက်လာကြောင်း ဘုရင်တပင်ရွှေထီး သိတော်မူလေလျှင် ကမန်ပိုက်သို့ ဆက်၍ ချီတော်မမူတော့ဘဲ ကြားရာအရပ်တွင်ပင် စစ်စခန်းချ၍ ရပ်သည်။ တပ်ချပြီးလျှင် စစ်ကြောင်းသုံးကြောင်းကို စီရင်တော်မူသည်။ 
        "ဘုရင့်နောင်က တပ်ပေါင်း(၅)တပ်၊ တိုက်ဆင်(၁၀၀)၊ စစ်မြင်း(၁၀၀၀)၊ စစ်သည်(၅၀၀၀၀)နှင့် အလယ်ကြောင်းချီစေ။ မွန်အမတ်စောလကွန်းအိမ်က တပ်ပေါင်း(၅)တပ်၊ တိုက်ဆင်(၁၀၀)၊ စစ်မြင်း(၁၀၀၀)၊ စစ်သည်(၅၀၀၀၀)နှင့် လက်ဝဲကြောင်းချီစေ။ မွန်အမတ်ရဲသင်ရံက တပ်ပေါင်း(၅)တပ်၊ တိုက်ဆင်(၁၀၀)၊ စစ်မြင်း(၁၀၀၀)၊ စစ်သည်(၅၀၀၀၀)ဖြင့် လက်ယာကြောင်းချီတက်စေ" ဟု အမိန့်တော်ချသည်။

Monday, August 19, 2013

တပင်ရွှေထီး ဘုရင့်နောင်နှင့် ဒုတိယမြန်မာနိုင်ငံတော် (အပိုင်း - ၂၂)

  • တပင်ရွှေထီးလက်ထက် ယိုးဒယားမြန်မာစစ်ပွဲ

         
မြန်မာနှင့်ယိုးဒယားတို့၏တိုက်ပွဲ

        တနေ့တွင် တပင်ရွှေထီးသည် မှူးမတ်သေနာပတိအပေါင်းတို့ကို ခေါ်ယူတော်မူပြီးလျှင် ယိုးဒယားကို ချီတက်တိုက်ခိုက်ရန်အတွက် တိုင်ပင်တော်မူသည်။
        တပင်ရွှေထီးက ...
        "ယိုဒယားဘုရင် ဗြသာဓိရာဇာသည် ငါ၏နိုင်ငံတော်အစွန်အဖျားကို စတင်၍ထိပါးလာပြီ။ ငါ၏ဘုန်းတော်ကြောင့်သာလျှင် ယိုးဒယားများကို နိုင်နင်းသည်။ ယခုအတိုင်း ငြိမ်ခံနေပါလျှင် နောင်တစ်ဖန် ထပ်မံ၍ ယိုဒယားများထိပါးလာမည့်အရေးကို မြင်တော်မူမိသည်။ သို့ဖြစ်၍ ယိုးဒယားပြည်ကို ရွှေလက်တော်ရောက် သိမ်းပိုက်မှသင့်မည်မဟုတ်လော" ဟု မိန့်တော်မူရာ မှူးမတ်တို့က
        "သိမ်းပိုက်ရန် သင့်မြတ်လှပါသည်။ ယိုးဒယားပြည်သည် အရှင်စိုးပိုင်တော်မူသော နိုင်ငံတော်နှင့် ရေမြေတစ်စပ်တည်းရှိ၍နေသောကြောင့် ချီတော်မူရန်လည်း ခဲံယဉ်းမည်မဟုတ်ပါ။ တောအထပ်ထပ် တောင်အထပ်ထပ် ပိတ်ဆီးနေပါသော်လည်း အင်ကြီးအားကြီးနှင့် ချီတော်မူပါလျှင် အရေးထားလောက်မည်မဟုတ်ပါ" ဟု လျှောက်တင်ကြသည်။

Saturday, August 17, 2013

တပင်ရွှေထီး ဘုရင့်နောင်နှင့် ဒုတိယမြန်မာနိုင်ငံတော် (အပိုင်း - ၂၁)

  • ယိုးဒယားမှ ကျူးကျော်ထိပါးလာခြင်း

       
        တပင်ရွှေထီး ရခိုင်သို့ ရေကြောင်း၊ ကြည်းကြောင်းဖြင့်ချီစဉ်တွင် ယိုးဒယားဘုရင် ဗြသာဓိရာဇာ (မဟာချက္ကရဖတ်)သည် မြန်မာပိုင် ထားဝယ်နှင့်ရေးတို့ကို ရန်စကျူးကျော်ရန် စီစဉ်သည်။  မကြာမီ သမိန်ကန်ပူရီနှင့် သမိန်တဒေါကအမည်ရှိ စစ်မှူးနှစ်ဦးကို တိုက်ဆင်(၂၀၀)၊ စစ်မြင်း(၁၀၀၀)၊ စစ်သည်(၆၀၀၀၀)ဖြင့် ထားဝယ်ကို လုပ်ကြံရန်စေလွှတ်သည်။ ထားဝယ်မြို့စားသည် ယိုးဒယားတပ်၏ ကြီးမားလှသည့်အင်အားကို မခံနိုင်သဖြင့် ရေးသို့ ဆုတ်ခွာခဲ့ကာတပ်ပေါင်းပြီး ကြံ့ကြံ့ခံသည်။ ထိုအကြောင်းကို မော်လမြိုင်မြို့စား ဗညားဦးက ဟံသာဝတီသို့ သံတော်ဦးတင်လွှာပို့ဆက်သည်။

Monday, August 12, 2013

တပင်ရွှေထီး ဘုရင့်နောင်နှင့် ဒုတိယမြန်မာနိုင်ငံတော် (အပိုင်း - ၂၀)

  • ရခိုင်သို့ ချီတော်မူခြင်း




          သက္ကရာဇ် (၉၀၇) ခုနှစ်တွင် ရခိုင်ပြည်၌ ရခိုင်ဘုရင် မင်းပါကြီး နတ်ရွာစံလေရာ သားတော်မဟာဥပရာဇာက ထီးနန်းကို ဆက်ခံသည်။  ထိုအခါ ရခိုင်ဘုရင်မင်းပါကြီး၏ ညီတော်ဖြစ်သည့် သံတွဲမြို့စား မင်းအောင်လှသည် တူတော်ဘုရင်နှင့် စိတ်မသင့်ဖြစ်ပြီး ရန်စစ်ပွားလေသည်။