Thursday, January 17, 2013

တပင်ရွှေထီး ဘုရင့်နောင်နှင့် ဒုတိယမြန်မာနိုင်ငံတော် (အပိုင်း - ၁၉)


  • ရာဇဘိသိက်ပွဲသဘင်ဆင်ယင်ခြင်းနှင့် ဂေါတမယ်အား သိမ်းပိုက်ခြင်း

           သက္ကရာဇ်(၉၀၇)ခုနှစ်တွင် တပင်ရွှေထီးသည် ဟံသာဝတီနေပြည်တော်၌ တပင်တိုင်ပြသာဒ် ဆောက်တော်မူ၍ ကြီးစွာသောရာဇဘိသိက်သဘင်ကို ဆင်ယင်ကျင်းပတော်မူသည်။ ထိုရာဇဘိသိက်ပွဲတွင် သမိန်တပွတ်အမည်ရှိသည့် မကိုဋ်တော်ကြီးကို ဆင်ယင်တော်မူသည်။ ထိုမကိုဋ်မှာ အလွန်အဖိုးထိုက်သော်လည်း မြန်မာဘုရင်တို့ ထီးစဉ်နန်းရိုး သုံးစွဲခဲ့ကြသော မကိုဋ်မျိုးမဟုတ်။ မွန်ဘုရင်တို့ ထီးစဉ်နန်းရိုး သုံးစွဲခဲ့ကြသော မကိုဋ်မျိုးဖြစ်သည်။ ၎င်းဘိသိက်ပွဲသည် မြန်မာ့နည်းနှင့် မွန်တို့၏ နည်းတို့ကို ရောနှော၍ မွန်မြန်မာ စည်းလုံးညီညွှတ်ရေးအတွက် ဆင်ယင်ကျင်းပသော ဘိသိက်ပွဲကြီးဖြစ်လေရာ၊ လွန်စွာပင် စည်ကားလှသည်။ 

Wednesday, January 16, 2013

‘အယူအဆလွဲမှားမှု တစ်ခုကြောင့်’

‘အယူအဆလွဲမှားမှု တစ်ခုကြောင့်’

by Par Gyi on Friday, July 6, 2012 at 4:38am ·



မြန်မာပြည်မှာ ခေတ်နဲ့မကိုက်ညီတဲ့ ဝတ်စားဆင်ယင်မှုတွေကို   Celebrity များထံမှ တစ်နေ့တစ်ခြား ဖော်ချွတ်ပုံဖော် ဝတ်ဆင်မှုများကို တွေ့နေရပါတယ်။ Celebrity ဆိုသည့်အတိုင်း ၎င်းတို့၏ ဖော်ချွတ်ဝတ်ဆင်ပုံများမှာလည်း အတော်ပင်ကြည့်လို့ကောင်းသည်မှာ  အမှန်ဖြစ်နေပါတယ်။

အဲဒီလို ဖော်ချွတ်ထားတဲ့ ဝတ်စားဆင်ယင်ပုံများမှာလည်း ‘ပုရိသပရိတ်သတ်များ’ အကြိုက် ဆွဲဆောင်နိုင်တာကြောင့်လားဆိုတာကို မသိပေမယ့်. .  ဖေလ်ဘုတ် လူမှုကွန်ယက်ပေါ်မှာတော့ တစ်နေ့တစ်ခြား Myanmar Celebrity Facebook Fun Page တွေ ထောင်ပြီး Celebrity ပုံအများစု တင်လာကြသူများမှာတော့ အတော်ပင် ပေါများလာတာကိုလည်း ဖေလ်ဘုတ်သုံးစွဲသူ အများစု တွေ့မြင်ကြမှာ မလွဲပါဘူး။

ဒါပေမယ့် လွဲနေတာတော့ ရှိနေပါတယ်။ ဘာလွဲနေတာလဲဆိုရင်တော့ . .