နိုဝင်ဘာ ၁၁နိုဝင်ဘာ ၁၁ရက်နေ့ နံနက် ရွှေဘိုမြို့၏ မြောက်ဘက် (၄၅)မိုင်ခန့်နှင့် သပိတ်ကျင်းမြို့ အနောက်တောင်ဘက် (၁၂)မိုင်ခန့်နေရာတို့ကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး(၆.၈)နှင့် (၅.၀)အဆင့်ရှိ ငလျင် (၃)ကြိမ် လှုပ်ခတ်ခဲ့သည့် ငလျင်နှင့်ပတ်သက်၍ ဆက်လက်ရရှိသော သတင်းများအရ . .
၂၀၁၂ ခုနှစ်၊ နိုဝင်ဘာလ ၁၁ ရက်နေ့ မြန်မာစံတော်ချိန် (၁၇) နာရီ၊ (၂၆)မိနစ်၊ (၂၀)စက္ကန့်အချိန်တွင် မန္တလေးမြေငလျင်စခန်းမှ မြောက်-အနောက်မြောက်ဘက် ၅၅ မိုင်ခန့် ကွာဝေးသော မြန်မာနိုင်ငံပြည်တွင်း (ရွှေဘိုမြို့၏ မြောက်ဘက် (၁၅)မိုင်ခန့်အကွာ)ကို ဗဟိုပြု၍ အင်အားရစ်(ခ်ျ)တာစကေး (၅.၈)အဆင့်ရှိ နောက်ဆက်တွဲ အင်အား အသင့်အတင့်ရှိသော မြေငလျင်တစ်ခုလှုပ်ရှားသွားကြောင်း မိုးလေဝသနှင့်ဇလဗေဒမှ သတင်းထုတ်ပြန်ခဲ့။
နေပြည်တော် နိုဝင်ဘာ ၁၁နိုဝင်ဘာ ၁၁ရက်နေ့ နံနက်က လှုပ်ခတ်ခဲ့သောငလျင်နှင့်ပတ်သက်၍ ဆက်လက်ရရှိသော သတင်းများအရ-
* စစ်ကိုင်းမြို့တွင် မင်းကွန်းခေါင်းလောင်းတော်ကြီး အနည်းငယ်နေရာရွှေ့ခြင်း၊ ဝန်ထမ်းအိမ်ရာ(၆) ခန်းတွဲ (၂) ထပ်မှ အခန်း(၃) ခန်း၏ အပေါ်ထပ် နံရံပြိုကျပြီး အပေါ်ထပ် ကြမ်းခင်းကျွံကျခြင်း